သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒုဝန်ကြီးများ ပြောင်းလဲ ခန့်အပ်


နိုင်ငံတော်သမ္မတဦးသိန်းစိန်
နိုင်ငံတော်သမ္မတဦးသိန်းစိန်
မြန်မာအစိုးရက ဒီကနေ့ ဒုတိယဝန်ကြီးအသစ်နဲ့ ရဲချုပ်အသစ်တို့ကိုခန့် အပ်လိုက်တဲ့ အကြောင်း ထုတ်ပြန်ကြေငြာပါတယ်။ ဒုတိယ ဝန်ကြီးအသစ်ခန့်အပ်မှုတွေကတော့ သိပ္ပံနဲ့ နည်းပညာ ဒုတိယဝန်ကြီးတွေ အဖြစ် ဦးဘရွှေနဲ့ ဒေါက်တာ အောင်မြတ်ကျော် ကို ခန့်အပ်လိုက်သလို ရန်ကုန်စီးပွားရေး တက္ကသိုလ် ပါမောက္ခချုပ်ဒေါက်တာ ဆန်းလွင် နဲ့ ဒေါက်တာဇော်မင်းအောင်တို့ကို ပညာရေးဒုတိယဝန်ကြီးတွေ အဖြစ် ခန့်အပ်လိုက်ပါတယ်။ အလုပ်သမားအလုပ်ကိုင်နဲ့ လူမှုဖူလုံရေး ဒုတိယဝန်ကြီးအဖြစ် ဦးထင်အောင်ကို ခန့် အပ်လိုက်ပြီးတော့၊ နိုင်ငံတော် သမ္မတရုံးဒုတိယဝန်ကြီးအဖြစ် ဒေါက်တာ ဝင်းမြင့်၊ ဦးမြင့်သိန်းကိုတော့ ရထားပို့ဆောင်ရေးဝန်ကြီးဌာနရဲ့ ဒုတိယဝန်ကြီးအဖြစ် တာဝန်ပေးလိုက်ပါတယ်။

လက်ရှိဒုတိယရဲချုပ် ရဲမှုးချုပ်ဇော်ဝင်းကို ရဲချုပ်အဖြစ်ခန့် ထားလိုက်ပြီး၊ ရဲချုပ်နဲ့ ပြည်ထဲရေးဒုတိယဝန်ကြီးတာဝန်ကို တွဲဖက်ပြီးယူထားတဲ့ ဗိုလ်မှုးချုပ်ကျော်ကျော်ထွန်းကို ပြည်ထဲရေးဝန်ကြီးဌာနရဲ့ ဒုတိယဝန်ကြီး အဖြစ်ခန့်ထားလိုက်ပါတယ်။

အခုလို ဒုတိယဝန်ကြီးတွေအဖြစ်တာဝန်ပေးအပ်မှုကို သမ္မတဦးသိန်းစိန်ကိုယ်တိုင် လက်မှတ်ရေးထိုးပြီးတော့ ထုတ်ပြန်လိုက်တာပါ။
ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးကြူနဲ့ မီးရထားဝန်ကြီးဌာန ဒုတိယဝန်ကြီး သူရဦးသောင်းလွင်တို့ကို မိမိဆန္ဒအရ ရာထူးကနေ နှုတ်ထွက်ခွင့်ပြုကြောင်းလဲ ထုတ်ပြန်ကြေငြာပါတယ်။
XS
SM
MD
LG