သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရှန်ဟိုင်းအပူလှိုင်း ၁၀ ဦးသေ


တရုတ်နိုင်ငံ နေရာတော်တော်များများမှာ စံချိန်ချိုးလောက်အောင် အပူလှိုင်းရိုက်ခတ်ခဲ့တဲ့အတွက် လူသေဆုံးမှုတွေ ကြုံခဲ့ရသလို၊ အစိုးရကလည်း အရေးပေါ် ကြေညာချက်တွေ ထုတ်ပြန်ခဲ့ရပါတယ်။

၉ ရက်ဆက်တိုက် ၁၀၀ ဒီဂရီဖာရင်ဟိုက်ကျော် ဖြစ်နေတဲ့ ရှန်ဟိုင်းမြို့မှာ အပူရှိန်ကြောင့် ၁၀ ယောက်ကျော်အထိ သေဆုံးခဲ့တဲ့အကြောင်း ဒေသခံအာဏာပိုင်တွေကို ကိုးကားပြီး နိုင်ငံပိုင် ဆင်ဟွာသတင်းက ဖော်ပြခဲ့တာပါ။ နှစ်ပေါင်း ၁၄၀ အတွင်း ရှန်ဟိုင်းမြို့မှာ အပူဆုံး ဇူလိုင်လတလ ဖြစ်တယ်လို့လည်း အာဏာပိုင်တွေက ပြောပါတယ်။ ပထမဆုံးအကြိမ်အဖြစ် တရုတ်မိုးလေဝသဌာနကတော့ အရေးပေါ် အန္တာရာယ် အဆင့် ၂ အဖြစ်သတ်မှတ်ပြီး မလိုအပ်ရင် အိမ်ထဲက အိမ်ပြင်မထွက်ကြဖို့နဲ့ အိမ်တွင်းမှာ နေထိုင်တဲ့ အခါမှာလည်း လေအေးစက်နဲ့ နေထိုင်ကြဖို့ သတိပေးခဲ့တာပါ။

အပူလှိုင်းအန္တာရာယ် သတိပေးချက်ကိုတော့ ရှန်ဟိုင်း၊ ချုံကင်းနဲ့ ဟူနန်အပါအဝင် တောင်ပိုင်းနဲ့ အလယ်ပိုင်း ပြည်နယ် ၉ ခုမှာ ထုတ်ပြန်ထားပါတယ်။ ယန်ဇီမြစ်ရဲ့ တောင်ပိုင်းဒေသ တချို့မှာ ၉၅ ဒီဂရီ ဖာရင်ဟိုက် အထက်မှာပဲ နောက်ထပ် သီတင်းတပတ်လောက်ကြာအောင် ရှိနေနိုင်တယ်လို့ မိုးလေဝသခန့်မှန်းသူတွေက တွက်ချက်ထားပါတယ်။
XS
SM
MD
LG