သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Snowden ရုရှားမှာ ယာယီခိုလှုံခွင့်ရရှိ


စနိုဒမ်အတွက် ရုရှနိုင်ငံတွင်း ဝင်ရောက်ခွင့် ယာယီ အထောက်အထား (သြဂုတ်လ ၁၊ ၂၀၁၃)
စနိုဒမ်အတွက် ရုရှနိုင်ငံတွင်း ဝင်ရောက်ခွင့် ယာယီ အထောက်အထား (သြဂုတ်လ ၁၊ ၂၀၁၃)
အမေရိကန်ထောက်လှမ်းရေးဌာနမှာ ဝန်ထမ်းခဲ့တဲ့ ဝရမ်းပြေး Edward Snowden ကို ရုရှားနိုင်ငံက ခိုလှုံခွင့် ပေးလိုက်ပြီဖြစ်တဲ့အတွက် သူရောက်နေတဲ့ မော်စကိုမြို့လေဆိပ် ဖြတ်သန်းရာ နားနေဇုံကနေ ရုရှားနိုင်ငံထဲကို တရားဝင် ဝင်ရောက်သွားပြီ ဖြစ်ပါတယ်။

အသက် ၃၀ အရွယ် ထောက်လှမ်းရေးဝန်ထမ်းဟောင်း စနိုဒန်ကို ရုရှားအာဏာပိုင်တွေက ၁ နှစ် ခိုလှုံခွင့်ပြုလိုက်တဲ့အကြောင်း စနိုဒန်ရဲ့ရှေ့နေ Anatoly Kuchenrena က ကြာသပတေးနေ့မှာ ပြောပါတယ်။ သူ့ကို ထွက်ခွာခွင့်ပြုတဲ့ စာရွက် သူ့လက်ထဲ ထဲ့ပေးပြီး နာရီအနည်းငယ်အကြာမှာပဲ လေဆိပ်ကနေ သူထွက်ခွာသွားတယ်လို့ ဆိုပါတယ်။ စနိုဒန်ဟာ လျှို့ဝှက် လုံခြုံတဲ့နေရာကို ဦးတည်သွားနေတယ်လို့ သူ့ရှေ့နေက ပြောပါတယ်။

သူ့ရဲ့ နိုင်ငံကူးလက်မှတ်ကို အမေရိကန်အစိုးရက ဖျက်သိမ်းလိုက်တဲ့အတွက် စနိုဒန်ဟာ ဘယ်ကိုမှ ထွက်ခွာခွင့်မရှိပဲ မော်စကိုမြို့ Sheremetyevo လေဆိပ်က ဖြတ်သန်းရာ နားနေဇုံမှာ တလကျော်ကြာ ပိတ်မိနေခဲ့တာပါ။ သူ့ကို သူလျှိုမှုနဲ့ စွဲချက်တင်နိုင်ရေးအတွက် သူ့ကို ပြန်ပို့ပေးဖို့ အမေရိကန်အစိုးရက လိုလားနေတာ ဖြစ်ပါတယ်။

စနိုဒန်ကို ရုရှားနိုင်ငံက အခုလို ခိုလှုံခွင့်ပြုလိုက်တဲ့အတွက် အမေရိကန်နဲ့ ရုရှားနိုင်ငံအကြား ဆက်ဆံရေးတွေ ပိုတင်းမာလာနိုင်ပါတယ်။ စနိုဒန်ကို အမေရိကန် ပြန်ပို့ပေးဖို့ ရုရှားသမ္မတ Vladimir Putin ကို အမေရိကန်သမ္မတ Barack Obama က တောင်းဆိုခဲ့ပေမယ့် မစ္စတာ ပူတင်က ငြင်းဆိုခဲ့ပါတယ်။ ရုရှားရဲ့ အဲဒီ ဆုံးဖြတ်ချက်အပေါ် စိတ်ပျက်မိကြောင်း အမေရိကန်အစိုးရက ပြောပါတယ်။
XS
SM
MD
LG