မြန်မာနိုင်ငံနဲ့ အဆက်အဆံတွေ တိုးမြှင့်လာနေတဲ့ အမေရိကန် ပြည်ထောင်စုက အခုနောက်ဆုံး စစ်ရေးအရ ထိတွေ့ ဆက်ဆံမှုတွေ စတင်ဆောင်ရွက်ဖို့ ကြေညာလိုက်တဲ့အပေါ် လူ့အခွင့်အရေး လှုပ်ရှားသူတွေက စိုးရိမ်မကင်း ဖြစ်နေကြပါတယ်။ အရည်အသွေး ပြည့်ဝတဲ့ စစ်တပ်ဖြစ်လာစေဖို့နဲ့ လူသားချင်း စာနာမှုဆိုင်ရာ အကူအညီပေးရေး အစီအစဉ်တွေ၊ လူ့အခွင့်အရေး ကိစ္စတွေမှာ အစပျိုး ဆောင်ရွက်မယ်လို့ ဆိုပေမဲ့ လူ့အခွင့်အရေး လှုပ်ရှားသူတွေကတော့ အချိန်မတန်သေးတဲ့ လုပ်ရပ်အဖြစ် မြင်နေကြတာပါ။ အမေရိကန် မြန်မာ ဆက်ဆံရေး နောက်ဆုံး အခြေအနေကိုတော့ ကိုအောင်လွင်ဦး ကပြောပြပေးမှာ ဖြစ်ပါတယ်။
အမေရိကန် ပြည်ထောင်စုက စစ်ဘက်ဆိုင်ရာ ဆက်ဆံရေးတွေ တိုးမြှင့်တဲ့ အစီအစဉ် အစအဖြစ် စစ်ဘက်က ဥပဒေရေးရာ ပညာရှင်တွေ စေလွှတ်ပြီး မြန်မာစစ်တပ် အရာရှိတွေနဲ့ လူ့အခွင့်အရေး၊ စစ်ဥပဒေတွေအကြောင်း ဆွေးနွေးဖို့ ရည်ရွယ်ထားတာ ဖြစ်ပါတယ်။ ဒီလိုပဲ လူသားချင်း စာနာမှုဆိုင်ရာ လုပ်ငန်းတွေနဲ့ အရေးပေါ် အကူအညီပေးရေး ကိစ္စတွေမှာ မြန်မာစစ်တပ်က ကျွမ်းကျင်မှု ရှိရှိနဲ့ ပါဝင်နိုင်မယ့် ပူးပေါင်းဆောင်ရွက်မှုမျိုးတွေ စတင်ဆောင်ရွက် သွားမှာ ဖြစ်တဲ့ အကြောင်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး Derek Mitchell နဲ့ ဒုတိယ အမျိုးသားလုံခြုံရေး အကြံပေးပုဂ္ဂိုလ် Ben Rhodes တို့က ရန်ကုန်မြို့မှာ ကြေညာခဲ့ကြတာပါ။
ဒါပေမဲ့လည်း လူ့အခွင့်အရေး လှုပ်ရှားသူတွေကတော့ စစ်ဘက်ဆိုင်ရာ သင်တန်းတွေ ပေးတဲ့အထိ မဟုတ်ပေမဲ့လည်း အချိန်မတန်သေးတဲ့ အစီအစဉ်အဖြစ် မြင်ကြပါတယ်။ လူ့အခွင့်အရေး လှုပ်ရှားမှု အဖွဲ့တခုဖြစ်တဲ့ Human Rights Watch အဖွဲ့ရဲ့ အာရှရေးရာ ညွှန်ကြားရေးမှူး John Sifton ကတော့ အမေရိကန် ပင်တဂွန် စစ်ဌာနချုပ်ရဲ့ ထိတွေ့ ဆက်ဆံရေး မူဝါဒမှာ သတိထားစရာတွေ ရှိနေတယ်လို့ ဆိုပါတယ်။
“Human Rights Watch နဲ့ တခြားလူ့အခွင့်အရေး အဖွဲ့တွေအနေနဲ့ ဒီအစီအစဉ်အပေါ်မှာ စိုးရိမ်မိသလို၊ အခုအချိန်မှာ မြန်မာစစ်တပ်နဲ့ စစ်ဘက်ဆိုင်ရာ အဆက်အဆံတွေလုပ်ဖို့ အချိန်မတန်သေးဘူးလို့လည်း ယုံကြည်ထားပါတယ်။ လူ့အခွင့်အရေး ကိစ္စတွေ၊ စစ်ဥပဒေတွေအကြောင်း ပြောတာမျိုးက ပြဿနာမရှိပေမဲ့ လူသားချင်း စာနာမှုနဲ့ ကပ်ဘေးဒဏ် အကူအညီပေးရေး အစီအစဉ်တွေ အတွက် လေ့ကျင့်ပေးမယ် ဆိုတာကတော့ တမျိုးပါ။ ဒါတွေကို စလုပ်ဖို့ ဆိုတာကတော့ စောလွန်းနေပါတယ်။ ဒါပေမဲ့လည်း ပင်တဂွန်ကတော့ လုပ်သင့်တယ်လို့ ယူဆပြီး စလုပ်ဖို့ စီစဉ်လာကြတာပါ။”
အမေရိကန် သံအမတ်ကြီးနဲ့ ဒုတိယ အမျိုးသားလုံခြုံရေး အကြံပေးပုဂ္ဂိုလ်တို့ကတော့ အပြောင်းအလဲတွေ ပေါ်ပေါက် လာနေတဲ့ မြန်မာနိုင်ငံမှာ စစ်တပ်အနေနဲ့ အရည်အသွေး ပြည့်ဝတဲ့ အဖွဲ့အစည်းတခု အဖြစ်နဲ့ လူမှုအသိုင်းအဝိုင်းမှာ ပြန်လည်ဝန်ဆန့်လာဖို့ ရည်ရွယ်တဲ့အကြောင်း ပြောခဲ့ကြပါတယ်။
ဒါပေမဲ့လည်း ဆယ်စုနှစ်တွေနဲ့ချီပြီး စစ်တပ်က တိုင်းပြည်အာဏာကို ထိန်းချုပ်ခဲ့တဲ့ မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး ချိုးဖောက်မှု မှတ်တမ်းတွေ ရှိနေဆဲဖြစ်တဲ့ စစ်တပ်နဲ့ ထိတွေ့ ဆက်ဆံလာတဲ့ အပေါ်မှာတော့ လူ့အခွင့်အရေး လှုပ်ရှားသူတွေက စိုးရိမ်နေကြတာပါ။
“ကပ်ဘေးဒဏ် အကူအညီပေးတဲ့ နေရာမှာ အစိုးရရဲ့ စွမ်းဆောင်ရည် မြင့်မားလာအောင် လုပ်ချင်တယ်ဆိုရင် အရပ်သား အစိုးရနဲ့ပဲ လုပ်သင့်တယ်လို့ ကျနော်တို့က ယုံကြည်ထားပါတယ်။ မြန်မာစစ်တပ်အတွက် ဒီလို အကူအညီတွေ မလိုပါဘူး။ မြန်မာနိုင်ငံမှာ စစ်တပ်ထက် အရပ်သား အစိုးရကသာ အကူအညီပိုလိုနေတာပါ။”
မြန်မာစစ်တပ် အနေနဲ့ ကလေးစစ်သား အသုံးပြုမှုကိစ္စ၊ အဓမ္မလုပ်အားပေး ခိုင်းစေမှုနဲ့ လက်နက်ကိုင် တိုက်ပွဲတွေအတွင်း စစ်ဥပဒေကို ချိုးဖောက်မှုတွေကို အဆုံးသတ်အောင် လုပ်ဆောင်ရမယ့် ကိစ္စမျိုးတွေကို အမေရိကန် ပြည်ထောင်စု အနေနဲ့ အဓိက အာရုံစိုက်သင့်တယ်လို့လည်း သူကပြောပါတယ်။
ဆန်းစစ်သူ တချို့ကတော့ အမေရိကန် အစိုးရက အာရှဒေသကို အာရုံစိုက်လာတဲ့ မူဝါဒတစိတ်တပိုင်းအဖြစ် ဒေသတွင်း နိုင်ငံတွေနဲ့ ဆက်ဆံရေးတွေ တိုးမြှင့်လာနေရာမှာ၊ အထူးသဖြင့် အာရှတလွှား နိုင်ငံရေး၊ စီးပွားရေးအရ သြဇာကြီးတဲ့ တရုတ်နိုင်ငံနဲ့ အိမ်နီးချင်းအဖြစ် မြန်မာနိုင်ငံကို ထိတွေ့ဆက်ဆံဖို့ ကြိုးပမ်းလာတာလို့ မြင်နေကြတာပါ။ Human Rights Watch အဖွဲ့ရဲ့ အာရှရေးရာ ညွှန်ကြားရေးမှူး Sifton ကတော့ ပင်တဂွန် စစ်ဌာနချုပ်ရဲ့ လုပ်ရိုးလုပ်စဉ် သြဇာချဲ့ထွင်လိုတဲ့ အစီအစဉ်အဖြစ် မြင်နိုင်ပေမဲ့ တရုတ်နိုင်ငံရဲ့ အရှိန်အဝါကို စိုးရိမ်မှုကိုလည်း ပြသနေတာ ဖြစ်တယ်လို့ ဆိုပါတယ်။
“စစ်ဘက်ဆိုင်ရာ အဆက်အဆံတွေ လုပ်ချင်တဲ့ အကြောင်းရင်း အနေနဲ့ကတော့ ပင်တဂွန် အနေနဲ့ တကမ္ဘာလုံး ရှိသမျှ နေရာတိုင်းမှာ ရန်သူ မဟုတ်သရွေ့ ဆက်ဆံချင်တဲ့ သဘောထားကြောင့်လို့ ကျနော်ယူဆပါတယ်။ မြန်မာနိုင်ငံရဲ့ အိမ်နီးချင်းတွေနဲ့လည်း ဒီလိုပဲ ဆက်ဆံနေတာပါ မဟာဗျူဟာအရ အချက်အခြာမဟုတ်တဲ့ ကမ္ဘောဒီးယားလို နိုင်ငံမျိုးနဲ့တောင် ဆက်ဆံဖို့ ကြိုးပမ်းခဲ့တာပါ။ ဒါကတော့ ပင်တဂွန်က နေရာတိုင်းမှာ လုပ်တဲ့ ကိစ္စပါ။ ဒါပေမဲ့လည်း တရုတ်နိုင်ငံနဲ့ ပတ်သက်လို့ မဟာဗျူဟာအရ စိုးရိမ်စရာ ရှိနေတာကလည်း မှန်ပါတယ်။ တခုရှိတာကတော့ မြန်မာနိုင်ငံဟာ တရုတ်ရဲ့ ရင်ခွင်ထဲ ဝင်သွားလိမ့်မယ်လို့တော့ အခုအချိန်မှာ ယုံကြည်တဲ့သူ ရှိလိမ့်မယ်လို့ ကျနော်ကတော့ မထင်ပါဘူး။ တရုတ်နိုင်ငံနဲ့ နီးနီးကပ်ကပ် ဆက်ဆံရင်း ရုပ်သေးတော့ အဖြစ်ခံလို့ မရဘူးဆိုတာကို သဘောပေါက် လာတာဟာလည်း မြန်မာနိုင်ငံမှာ လက်ရှိ ပြုပြင်ပြောင်းလဲရေးတွေ လုပ်လာရတဲ့ အကြောင်းရင်းတွေထဲက တခုပါ။”
၂ နိုင်ငံကြား စစ်ဘက်ဆိုင်ရာ အဆက်အဆံတွေ စတင်မယ့် အစီအစဉ်ကိုတော့ အမေရိကန် ကာကွယ်ရေးဌာန လက်အောက်ခံ နိုင်ငံတကာ ဥပဒေရေးရာ လေ့လာရေးဌာနက ဆောင်ရွက်သွားမှာပါ။ အစီအစဉ် မတိုင်မီမှာလည်းပဲ အမေရိကန် ကာကွယ်ရေး ဝန်ကြီးဌာနက ဥပဒေရေးရာ ကျွမ်းကျင်သူ အဖွဲ့တဖွဲ့ဟာလည်း မြန်မာနိုင်ငံကို သွားရောက်ပြီး စစ်တပ်ထဲက တာဝန်ရှိသူတွေနဲ့ တွေ့ဆုံခဲ့တာ ဖြစ်ပါတယ်။