သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အစ္စလာမ်မစ်ပါတီ ဘင်္ဂလာရွေးကောက်ပွဲမဝင်ရ


ဲတရားရုံးက ပါတီကို ရွေးကောက်ပွဲ ပယ်ဖျက်လိုက်ပြီးနောက် မှာပဲ Jammat-E-Islami ပါတီဝင်တွေ ဘတ်စ်ကားတွေကို ဖျက်ဆီးနေစဉ်။
ဲတရားရုံးက ပါတီကို ရွေးကောက်ပွဲ ပယ်ဖျက်လိုက်ပြီးနောက် မှာပဲ Jammat-E-Islami ပါတီဝင်တွေ ဘတ်စ်ကားတွေကို ဖျက်ဆီးနေစဉ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံက အဓိက အစ္စလာမ် နိုင်ငံရေးပါတီရဲ့ အခြေခံ ရပ်တည်ချက်တွေဟာ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ ဆန့်ကျင်နေတဲ့အတွက် ရှေ့နှစ်ထဲ ကျင်းပမယ့် အထွေထွေ ရွေးကောက်ပွဲမှာ ယှဉ်ပြိုင်ခွင့် မပြုဖို့ တရားရုံးက ဆုံးဖြတ်လိုက်ပါတယ်။ အစ္စလာမ်ဥပဒေ ကျင့်သုံးရေးကို ပါတီရဲ့ ရပ်တည်ချက်အဖြစ် ထည့်သွင်းထားတဲ့ Jamaat-e-Islami ပါတီကို နိုင်ငံရေး ပါတီအဖြစ်ကနေ ပယ်ဖျက်ဖို့ တိုက်တွန်းမှုတွေ အချိန်အတော်ကြာ ထွက်ပေါ်ခဲ့ပြီး နောက်မှာပဲ ဒက္ကားမြို့တော်မှာရှိတဲ့ တရားရုံးချုပ်က ကြာသပတေးနေ့မှာ ဆုံးဖြတ်လိုက်တာပါ။

ပါတီအကျိုးဆောင် ရှေ့နေကတော့ တရားရုံး ဆုံးဖြတ်ချက်ကို အယူခံဝင်မယ်လို့ ပြောဆိုခဲ့သလို၊ နိုင်ငံရဲ့ နေရာ အတော်များများမှာလည်း ပါတီဝင်တချို့က ဆုံးဖြတ်ချက်အပေါ် ကန့်ကွက်ဆန္ဒပြခဲ့ကြပါတယ်။ Jamaat-e-Islami ပါတီဟာ ဆိုရင် အရင်တုန်းက ညွန့်ပေါင်းအစိုးရ အတော်များများမှာ ပါဝင်ခဲ့ဘူးပြီး ၁၉၇၁ ခုနှစ် ပါကစ္စတန်ကနေ လွတ်လပ်ရေးအတွက် ခွဲထွက်ချိန်မှာ စစ်တပ်နဲ့ ပူးပေါင်းပြီး ရာဇဝတ်မှု ကျူးလွန်မှုတွေ ရှိတယ်ဆိုတဲ့ စွပ်စွဲတာတွေလည်း ခံခဲ့ရတာပါ။

ဒီနှစ်ဆန်းကစလို့ ပါတီရဲ့ ခေါင်းဆောင် ၆ ယောက်ဟာ ဆိုရင်လည်း ထောင်ဒဏ် ပြစ်ဒဏ်တွေ စီရင်ခံခဲ့ရပြီး၊ တချို့ဟာလည်း တရားခွင်မှာ အမှုတွေ ဆက်လက်ရင်ဆိုင်နေရဆဲ ဖြစ်ပါတယ်။
XS
SM
MD
LG