သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လုံခြုံရေးကြောင့် အမေရိကန် သံရုံးများ တနင်္ဂနွေပိတ်မည်

U.S. sailors unravel a huge American flag across the field during opening day ceremonies before the San Diego Padres host the Los Angeles Dodgers in their MLB National League baseball game in San Diego, California, April 9, 2013.

ကမ္ဘာတဝှမ်းမှာရှိတဲ့ အမေရိကန် သံရုံးတွေနဲ့ ကောင်စစ်ဝန်ရုံးတွေကို လုံခြုံရေး အခြေအနေကြောင့် တနင်္ဂနွေနေ့ကျရင် ပိတ်ထားမှာ ဖြစ်တဲ့ အကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာနက ကြေညာလိုက်ပါတယ်။ ဘယ်လိုခြိမ်းခြောက်မှု မျိုးတွေ ရှိနေသလဲ၊ ဘယ်သံရုံးတွေကို ပိတ်မှာလဲ ဆိုတာတွေကိုတော့ နိုင်ငံခြားရေး ဝန်ကြီးဌာနရဲ့ ထုတ်ပြန်ကြေညာချက်က ဖော်ပြမထားပါဘူး။

တနင်္ဂနွေနေ့တွေမှာ ဖွင့်လှစ်လေ့ရှိတဲ့ သံရုံးတွေ၊ ကောင်စစ်ဝန်ရုံးတွေကို ပိတ်ခိုင်းထားတာလို့ပဲ ပြောပါတယ်။ ဒီအထဲမှာတော့ တနင်္ဂနွေနေ့ကနေ ကြာသပတေးနေ့အထိ ဖွင့်လှစ်တဲ့ မူဆလင်တိုင်းပြည်တွေက သံတမန်လုပ်ငန်းတွေ ပါဝင်တယ်လို့လည်း ပြောခဲ့တာပါ။ အခြေအနေကို ပြန်လည်သုံးသပ်ပြီး လိုအပ်ရင် ပိတ်တဲ့အစီအစဉ်တွေကို အချိန်တိုးကောင်း တိုးမယ်လို့လည်း ပြောပါတယ်
XS
SM
MD
LG