သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂျပန်နဲ့ အငြင်းပွါးနေတဲ့ကျွန်း ဗွီဒီယိုဂိမ်းမှာ တရုတ်သိမ်းပိုက်


တရုတ် ဗွီဒီယိုဂိမ်း
တရုတ် ဗွီဒီယိုဂိမ်း
အရှေ့တရုတ်ပင်လယ်ပြင်ထဲက နယ်မြေပိုင်ဆိုင်မှုဆိုင်ရာ အငြင်းပွါးနေတဲ့ ဂျပန်ဘက်က ထိန်းချုပ်ထားတဲ့ကျွန်းတွေမှာ တရုတ်စစ်တပ်နဲ့အတူ ဝင်ရောက်တိုက်ခိုက်နိုင်တဲ့ ဗွီဒီယိုဂိမ်း ကစားနည်းတွေကို လူထုပါ ပါဝင်ကစားနိုင်အောင် တရုတ်အွန်လိုင်း ဗွီဒီယိုဂိမ်း တီတွင်သူက ထုတ်လုပ်လိုက်ပြီဖြစ်ပါတယ်။ ဒီ ဗွီဒီယိုဂိမ်း ဟာ အတွဲလိုက်ရှိပြီး Glorious Mission Online လို့ နာမည်ပေးထားပါတယ်။

ဒါဟာ တရုတ်ကုမ္မဏီတစ်ခုနဲ့ ပီအယ်လ်အေ လို့ခေါ်တဲ့ တရုတ်ပြည်သူ့လွတ်မြောတ်ရေးတပ်မတော်တို့ ပူးတွဲပြီး ထုတ်လုပ်တာဖြစ်ပါတယ်။ ဒီကစားနည်းကို ပီအယ်လ်အေ ထူထောင်ခဲ့တဲ့ ၈၆ နှစ်မြောက် နှစ်ပါတ်လည်နေ့နဲ့ တိုက်ဆိုင်ပြီး ထုတ်ခဲ့ကြတာဖြစ်ပါတယ်။

ဒါဟာ တရုတ်နိုင်ငံရဲ့ အချုပ်အချာအာဏာပိုင်ဆိုင်တဲ့ ဒေသတစ်ခုကို ဂျပန်ဘက်ကနေ မကျူးကျော်ဖို့ အတွက် သတိပေးတဲ့အနေနဲ့ ထုတ်လုပ်ခဲ့တာလို့ ရှန်ဟိုင်း အခြေစိုက် Giant Interactive Group (GIG) ဗွီဒီယိုဂိမ်း ထုတ်လုပ်တဲ့ ကုမ္မဏီက ပြောပါတယ်။

ပြီးခဲ့တဲ့ လပိုင်းတုန်းကတော့ တရုတ်နိုင်ငံ အရှေ့ပိုင်းကမ်းခြေတစ်လျှောက်က ပြည်နယ်တွေမှာ အဓိက တာဝန်ယူနေတဲ့ နန်ကျင်း တပ်မဟာက အရာရှိတွေကို သင်တန်းပေးရာမှာ ဒီ ကစားနည်းမျိုးတွေနဲ့ ကစားပြီး လေ့ကျင့်စေတယ်လို့ တရုတ်စစ်တပ်က ပြောပါတယ်။ အခုလို ကွန်ပြူတာအွန်လိုင်းမှာ ဒါကို ကစားခွင့်ပေးလိုက်တာဟာလည်း လူငယ်တွေ စစ်ထဲဝင်ချင်လာအောင် အားပေးဖို့ ရည်ရွယ်ပြီးလုပ်ဆောင် တာလို့လည်း ပြောကြားခဲ့ပါတယ်။
XS
SM
MD
LG