သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အင်ဒို ဗုဒ္ဓဘုရားကျောင်း ဗုံးကွဲမှု မြန်မာပြည်နဲ့ဆက်နွယ်


Indo Bomb
Indo Bomb
အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့မှာရှိတဲ့ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီး ကျောင်းဝင်း အတွင်း တနင်္ဂနွေနေ့က ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့တဲ့အတွက် လူ ၃ ဦး ထိခိုက် ဒဏ်ရာ ရသွားခဲ့ပါတယ်။ ဒီဗုံးပေါက်ကွဲမှုဟာ မြန်မာနိုင်ငံအတွင်းက ရိုဟင်ဂျာ မူဆလင်တွေအပေါ် အကြမ်းဖက် ဖိနှိပ်မှုတွေကို လက်စားချေတဲ့အနေနဲ့ အခုလို ဗုံးပေါက်ခဲ့တာ ဖြစ်နိုင်ကြောင်း အင်ဒိုနီးရှား အရာရှိတွေက ပြောပါတယ်။

ဗုံးပေါက်ကွဲတဲ့နေရာမှာ “ရိုဟင်ဂျာတွေရဲ့ အော်ဟစ်သံကို ကျွနု်ပ်တို့ ကြားရပါတယ်” လို့ အဓိပ္ပါယ်ရတဲ့ စာရေးထားခဲ့တာကို တွေ့ရတယ်လို့ အင်ဒိုနီးရှား ဘာသာရေးဆိုင်ရာဝန်ကြီး ဆူရာဒါမာ အလီ (Suryadharma Ali) က ပြောပါတယ်။

အနောက် ဂျကာတာမှာရှိတဲ့ Ekayana ဘုန်းကြီးကျောင်းအတွင်း တနင်္ဂနွေနေ့ညက လူတွေ ဘုရားရှိခိုးနေတဲ့အချိန် သိပ်အင်အားမပြင်းလှတဲ့ ဗုံးတလုံး ပေါက်ကွဲခဲ့တာပါ။ နောက်တလုံးကတော့ မီးခိုးပဲထွက်ပြီး မပေါက်ကွဲခဲ့ဘူးလို့ အင်ဒိုနီးရှား ရဲတပ်ဖွဲ့က ပြောပါတယ်။ မပေါက်ကွဲသေးတဲ့ တတိယ ဗုံးတလုံးကိုလဲ တွေ့ရှိခဲ့တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။

ရခိုင်ပြည်နယ်အတွင်း မနှစ်က ဒေသခံ ရခိုင်လူမျိုးတွေနဲ့ ရိုဟင်ဂျာတွေအကြား အကြမ်းဖက် တိုက်ခိုက်မှုတွေ အပြန်အလှန် ဖြစ်ပွားခဲ့ပြီးနောက်ပိုင်း ထောင်နဲ့ ချီတဲ့ ရိုဟင်ဂျာတွေ အိုးအိမ် စွန့်ခွာ ထွက်ပြေးခဲ့ကြတာမှာ တချို့လည်း အင်ဒိုနီးရှားနိုင်ငံကို လှေနဲ့ ထွက်ပြေးသွားခဲ့ကြသူတွေလည်း ရှိနေတာပါ။

အဲဒီလို မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံဖက်က ထွက်ပြေးလာကြတဲ့ ရိုဟင်ဂျာတွေနဲ့ တခြား နိုင်ငံက ဒုက္ခသည်တွေဟာ သြစတေးလျနိုင်ငံမှာ ခိုလှုံခွင့်ရဖို့ အင်ဒိုနီးရှားနိုင်ငံကတဆင့် ခိုလှုံကြလေ့ ရှိပါတယ်။
XS
SM
MD
LG