သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၈၈ မျိုးဆက် ဘယ်လဲ


Min Ko Naing
Min Ko Naing
၈၈ မျိုးဆက် နိုင်ငံရေးလှုပ်ရှားမှုဟာ အခု သြဂုတ်လထဲမှာ ၂၅ နှစ်ပြည့်လာခဲ့ပါပြီ။ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တွေအနေနဲ့ မြန်မာ့နိုင်ငံရေးမှာ အရပ်ဖက် လူမှုအဖွဲ့အစည်းတခုအနေနဲ့ပဲ ဆက်ရပ်နေမလား၊ နိုင်ငံရေးပါတီအသွင်နဲ့ လွှတ်တော်တွင်းမှာရော နေရာယူ လှုပ်ရှားလာမလား မေးခွန်းထုတ်မှုတွေ အတော်များများရှိနေပါတယ်။ ဒါကြောင့် မြန်မာ့နိုင်ငံရေးမှာ ၈၈ မျိုးဆက်ရဲ့ အနာဂတ် အခန်းကဏ္ဍနဲ့ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တွေ ရှေ့ဆက် ဘယ်လို ရပ်တည်လှုပ်ရှားမလဲဆိုတာတွေနဲ့ ပတ်သက်လို့ သုံးသပ်မေးမြန်းဆွေးနွေးထားပါတယ်။

၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ပွင့်လင်းလူ့အဖွဲ့အစည်းက ခေါင်းဆောင်တဦးဖြစ်သူ ဦးကိုကိုကြီး၊ ၈၈ မျိုးဆက်လည်းဖြစ် နိုင်ငံရေးသုံးသပ်သူ ဒေါက်တာရန်မျိုးသိမ်းနဲ့ ဗွီအိုအေ အယ်ဒီတာ ဦးကျော်ဇံသာတို့က သုံးသပ်ဆွေးနွေး ဖြေကြားထားပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG