သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်နှင့် ဆွေးနွေးရာမှာ အာစီယံ တသံတည်း ထွက်မည်


အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး၊ ထိုင်းနိုင်ငံ၊ ဟွာဟင်း။ ( သြဂုတ်လ ၁၄၊ ၂၀၁၃)
အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး၊ ထိုင်းနိုင်ငံ၊ ဟွာဟင်း။ ( သြဂုတ်လ ၁၄၊ ၂၀၁၃)
တောင်တရုတ်ပင်လယ်အရေးကိစ္စမှာ Code of Conduct လိုက်နာရမယ့် ကျင့်ဝတ်တွေနဲ့ ပတ်သက်လို့ ပြောဆိုဆွေးနွေးမှုတွေမှာ တသံတည်းထွက်ဖို့ အာဆီယံ အရှေ့တောင်အာရှနိုင်ငံများအဖွဲ့ရဲ့ နိုင်ငံခြားရေးဝန်ကြီးတွေ သဘောတူခဲ့ကြပါတယ်။

မကြာခင်လာတော့မယ့် တရုတ်နဲ့အကြိုပြင်ဆင်မှုအဖြစ်နဲ့ ထိုင်းနိုင်ငံ ဟွာဟင်း
( Hua Hin) အပန်းဖြေစခန်းမှာ ဗုဒ္ဓဟူးနေ့က အာဆီယံနိုင်ငံခြားရေး ဝန်ကြီးတွေ တွေ့ဆုံဆွေးနွေးခဲ့ကြတာပါ။ တရုတ်အစိုးရက သိပ်ပြီးတော့ မကျင်းပချင်တဲ့ ဒီဆွေးနွေးပွဲကို စောစောစီးစီး အဆုံးသတ်နိုင်ဖို့ အာဆီယံအဖွဲ့က လိုလားတယ်လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကပြောပါတယ်။

ဒီလအစောပိုင်းက ရေပိုင်နက် စည်းမျဉ်းစည်းကမ်းတွေနဲ့ပတ်သက်လို့ အဆိုပြုထားတဲ့ အာဆီယံနဲ့သဘောတူညီမှုကို လက်မှတ်ရေးထိုးဖို့ အရင်မလိုပါဘူးလို့ တရုတ်ကပြောသွားတာပါ။ လိုက်နာရမယ့် ကျင့်ဝတ်စည်းမျဉ်းတွေနဲ့ ပတ်သက်ပြီးတော့ အများကြီးလုပ်ဆောင်ရဦးမယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီကပြောပါတယ်။

အာဆီယံလေးနိုင်ငံဖြစ်တဲ့ ဗီယက်နမ်၊ ဖိလစ်ပိုင်၊ မလေးရှားနဲ့ ဘရူနိုင်းနိုင်ငံတို့ လိုချင်တဲ့ အချက်တချို့နဲ့ တရုတ်ဘက်က လိုချင်တဲ့ အချက်တချို့ တူနေတာတွေရှိပါတယ်။ ဒီမပြေမလည်ဖြစ်နေတာတွေ ကို ဖြေရှင်းဖို့ နှစ်ဘက်ဆွေးနွေးမှုတွေ ကျင်းပအောင် လို့ တရုတ်က တွန်းအားပေးနေ တာဖြစ်ပေမဲ့လည်း ဘက်ပေါင်းစုံပါဝင်တဲ့ ဆွေးနွေးပွဲကိုတော့ တရုတ်က ရှောင်ရှားနေတာဖြစ်ပါတယ်။
XS
SM
MD
LG