သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အိန္ဒိယ ရေငုပ်သင်္ဘော မီးလောင်မှု ၁၈ ဦးသေဆုံးဖွယ်ရှိ


 INS Sindhurakshak သင်္ဘောမီးလောင်မှုဖြစ်ပွားစဉ်။
INS Sindhurakshak သင်္ဘောမီးလောင်မှုဖြစ်ပွားစဉ်။
အိန္ဒိယနိုင်ငံက ရေတပ် ရေငုပ်သင်္ဘောတစ်စင်း ပျက်စီး နစ်မြုပ်သွားတာကြောင့် သင်္ဘောပေါ်မှာပါသွားတဲ့ ရေတပ်ဖွဲ့ဝင် ၁၈ ဦး သေဆုံးသွားဖွယ်ရှိတယ်လို့ အိန္ဒိယဝန်ကြီးချုပ်က ပြောလိုက်ပါတယ်။ INS Sindhurakshak သင်္ဘောပေါ် က ဖြစ်ရပ်ဆိုးကြောင့် သူ့အနေနဲ့ အလွန်အမင်းကိုပဲ စိတ်ထိခိုက်ရတဲ့အကြောင်း နယူးဒေလီ မြို့တော်မှာ ကြာသပတေးနေ့က ကျင်းပခဲ့တဲ့ လွတ်လပ်ရေးနေ့ အခမ်းအနားအတွင်း ပြောတဲ့မိန့်ခွန်းမှာ မစ္စတာဆင်းဂ်က ထည့်ပြောသွားပါတယ်။

လက်နက်အပြည့်အစုံတပ်ဆင်ထားတဲ့ ရေငုပ်သင်္ဘောဟာ မွမ်ဘိုင်း သင်္ဘောကျင်းမှာ ကျောက်ချ ရပ်နားထားချိန်အတွင်း ပေါက်ကွဲပြီးတော့ မီးလောင်ခဲ့တာပါ။ ပေါက်ကွဲမှုကြောင့် သင်္ဘောဟာ တစ်ဝက်တစ်ပျက် နစ်မြုပ်သွားခဲ့ပါတယ်။

ရေငုပ်သင်္ဘောရဲ့အဖုံးကို ဗုဒ္ဓဟူးနေ့မှာ ရေငုပ်သမားတွေက ဖွင့်နိုင်ခဲ့ပေမဲ့ အခုချိန်ထိတော့ သင်္ဘောပေါ်မှာပါသွားတဲ့ တပ်ဖွဲ့ဝင် တွေဆီ ရေငုပ်သမားတွေ မရောက်နိုင်ကြသေးပါဘူး။

အကောင်းဆုံးကို မျှော်လင့်ပေမဲ့ အဆိုးဆုံးအတွက် လည်း ပြင်ဆင်ထားရပါမယ် လို့ ရေတပ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး D. K. Joshi က သတင်းထောက်တွေ ကို ပြောပါတယ်။ အခုဖြစ်ရပ်ဟာ ၁၉၇၁ ခုနှစ်က ပါကစ္စတန်နဲ့ တိုက်ခဲ့တဲ့စစ်ပွဲ အတွင်း တိုက်သင်္ဘော တစ်စင်း နစ်မြုပ်ခဲ့ပြီးချိန်ကတည်းကဆိုရင် အိန္ဒိယရေတပ် အတွက် အဆိုးရွားဆုံးဖြစ်ရပ် ဖြစ်ပါတယ်။
XS
SM
MD
LG