သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဝန်းကျင် အပြောင်းအလဲကြောင့် တိရိစ္ဆာန်တို့ ဦးနှောက်ကြီးထွား


အမေရိကန်ပြည်ထောင်စုက သိပ္ပံဓာတ်ခွဲခန်းတခု။
အမေရိကန်ပြည်ထောင်စုက သိပ္ပံဓာတ်ခွဲခန်းတခု။
လူ့ယဉ်ကျေးမှုအတွင်း ဆင့်ကဲပြောင်းလဲမှု (Evolution) ဖြစ်စဉ် ဆက်လက်ဖြစ်ပေါ်နေတာကို နို့တိုက်သတ္တဝါငယ်တွေရဲ့ ဦးခေါင်းခွံကနေ တိုင်းတာလို့ ရနိုင်ပြီဖြစ်တဲ့ အကြောင်း လေ့လာချက် အသစ်တခု က တွေ့ရှိခဲ့ပါတယ်။ လူသားတွေက နေထိုင်ရာ ဝန်းကျင်ကို ပြောင်းလဲ လာကြတာနဲ့ အမျှ ကြွက်တို့၊ လင်းနို့တို့လို နို့တိုက် သတ္တဝါတွေရဲ့ ဦးနှောက်တွေဟာလည်း ပိုမိုကြီးထွားလာတာ တွေ့ရတဲ့အကြောင်း အမေရိကန် ပြည်ထောင်စု Minnesota တက္ကသိုလ်က ဇီဝဗေဒပညာရှင် Emilie C Snell-Rood ကလေ့လာတွေ့ရှိထားတာပါ။

လွန်ခဲ့တဲ့ ရာစုနှစ်တခုကျော်အတွင်း စုဆောင်းထားပြီး Minnesota တက္ကသိုလ်က သဘာဝသမိုင်းပြတိုက်မှာ စုဆောင်းထားတဲ့ ဦးခေါင်းခွံ ဒါဇင်ပေါင်းများစွာထဲက မျိုးစိတ် ၁၀ ခုရဲ့ ဦးနှောက် အရွယ်အစားတွေကို သူနဲ့တပည့်ဖြစ်သူ Naomi Wick တို့က တိုင်းတာလေ့လာခဲ့ကြတာ ဖြစ်ပါတယ်။ လေ့လာချက်မှာတော့ မြို့ပြဒေသက ခြေထောက်ဖြူ ကြွက်တွေ၊ လယ်ကြွက်တွေရဲ့ ဦးနှောက်ဟာ စိုက်ပျိုးမွေးမြူရေး လုပ်ငန်းတွေမှာ တွေ့ရတာတွေထက် အရွယ်အစား ၆ ရာခိုင်နှုန်း ပိုကြီးနေတာကို တွေ့ခဲ့ရတာပါ။

လင်းနို့နဲ့ ကြွက်စုတ်တို့လည်း တခြား မျိုးစိတ်တွေမှာလည်း အလားတူ ကြီးထွားမှုမျိုး တွေ့ခဲ့ကြပါတယ်။ လူတွေက မြို့ပြတွေ ချဲ့ထွင်လာတာနဲ့အမျှ တိရစ္ဆာန်တွေဟာလည်း အသစ်အဆန်းတွေကို ပိုမိုသင်ယူ လာရာက ရှင်သန်ရပ်တည်နိုင်မှုနဲ့ မျိုးပွားမှုတွေကို ပိုပြီးတော့ လုပ်ဆောင်လာနိုင်ပုံ ရတယ်လို့လည်း Dr Snell-Rood က သီအိုရီ ထုတ်ခဲ့တာပါ။

သူ့ရဲ့အယူအဆအသစ်ကိုတော့ တခြားဆင့်ကဲပြောင်းလဲမှုဖြစ်စဉ် ကို လေ့လာနေကြတဲ့ သုတေသီတွေက စစ်ဆေး လက်ခံလာမယ် ဆိုရင်တော့ ဖွံ့ဖြိုးတဲ့တိုင်းပြည်တွေမှာရှိတဲ့ ပြတိုက်တွေက ဦးခေါင်းခွံတွေကို လည်း လေ့လာဖို့ ဖြစ်လာနိုင်ပါတယ်။
XS
SM
MD
LG