သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာရောက် ကုလ ကိုယ်စားလှယ်နဲ့ ဆန္ဒပြကန့်ကွက်မှု


Quintana
Quintana
သြဂုတ် ၂၇၊ ၂၀၀၃။ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂလူ့အခွင့်အရေး အထူးကိုယ်စားလှယ် သောမတ်အိုဟေး ကင်တာနားဟာ ဒီတခေါက် မြန်မာနိုင်ငံခရီးစဉ်အတွင်း ဆန္ဒပြကန့်ကွက်မှုတွေခံခဲ့ရပါတယ်။ လူမျိုးရေး ဘာသာရေးအဓိကရုဏ်းတွေနဲ့ပတ်သက်ပြီး မစ္စတာကင်တာနားရဲ့ အစီရင်ခံစာတွေနဲ့ ပြောဆိုချက်တွေဟာ ဘက်လိုက်မှုရှိတယ်ဆိုပြီး ဆန္ဒပြ ကန့်ကွက်သူတွေက ယူဆပါတယ်။

တချိန်တုန်းက မြန်မာ့လူ့အခွင့်အရေးအတွက် မြန်မာပြည်သူတွေ အားကိုး ယုံကြည်ခဲ့တဲ့ ကုလ လူ့အခွင့်အရေးကိုယ်စားလှယ်အပေါ်၊ မြန်မာလူထုရဲ့ သဘောထား ပြောင်းလဲလာပါသလား၊ ကုလသမဂ္ဂ လူ့အခွင့်အရေးကိုယ်စားလှယ်ရဲ့ လက်ရှိ ရပ်တည်ဆောင်ရွက်မှုအပေါ် ဘယ်လို ယူဆထင်မြင်ပါသလဲ။ ဒီသီတင်းပတ် စနေညပိုင်း တိုက်ရိုက်လေလှိုင်းအစီအစဉ်မှာ ဒီအကြောင်း ဆွေးနွေးထားပါတယ်။ Equality Myanmar လူ့အခွင့်အရေးအဖွဲ့ရဲ့ ညွှန်ကြားရေးမှုးဦးအောင်မျိုးမင်းနဲ့၊ အေအေပီပီ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအဖွဲ့ တွဲဖက်အတွင်းရေးမှုး ဦးဘိုကြည်တို့က ပင်တိုင်ဆွေးနွေးထားပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG