သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လွတ်လပ်စွာအသင်းအပင်းဖွဲ့စည်းခွင့်နဲ့ ဥပဒေမူကြမ်း


Burmese Parliament
Burmese Parliament
သြဂုတ် ၂၄၊ ၂၀၁၃။ မြန်မာနိုင်ငံတွင်း နိုင်ငံရေးနဲ့ စီးပွားရေး အပြောင်းအလဲနဲ့အတူ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်၊ လွတ်လပ်စွာ စုရုံးလှုပ်ရှားခွင့်စတဲ့ အခွင့်အရေးတွေနဲ့အတူပဲ လွတ်လပ်စွာ အသင်းအပင်းဖွဲ့စည်းခွင့်ဟာလည်း တစုံတရာ ပွင့်လင်းလာခဲ့ပါတယ်။

ဒါပေမယ့် မကြာသေးခင်တုန်းကတော့ အသင်းအဖွဲ့ဆိုင်ရာ ဥပဒေမူကြမ်းတရပ် ထွက်ပေါ်လာတာကို၊ မြန်မာအရပ်ဖက်လူမှုအဖွဲ့အစည်းအတော်များများက ဆန့်ကျင်ခဲ့ကြပါတယ်။ ဒီအပေါ်မှာ အာဏာပိုင်တွေနဲ့ မြန်မာအရပ်ဖက်လူမှုအဖွဲ့တွေအကြား ဒီမူကြမ်း ပြင်ဆင်ရေးအတွက် ညှိုနှိုင်းဆောင်ရွက်မှုတွေ လုပ်လာခဲ့ပါတယ်။ ဒါကြောင့် အခုသီတင်းပတ် စနေညပိုင်း တိုက်ရိုက်လေလှိုင်းအစိအစဉ်မှာတော့ လွတ်လပ်စွာ အသင်းအပင်းဖွဲ့စည်းခွင့်နဲ့ အသင်းအဖွဲ့များဆိုင်ရာ ဥပဒေကြမ်းကိစ္စရပ်ကို ဆွေးနွေးထားပါတယ်။

ဗဟု ဖွံဖြိုးရေးအဖွဲ့ ညွန်ကြားရေးမှုး ဦးအောင်သူငြိမ်း၊ Tri Women Support Group က မခင်လေး၊ မြန်မာ ပြည်တွင်းလူမှုကွန်ယက် ဥက္ကဌ မနွယ်ဇင်ဝင်းတို့က ပင်တိုင် ပါဝင်ဆွေးနွေးထားပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG