တရုတ်နိုင်ငံမှာ မြေယာပိုင်ဆိုင်မှုအတွက် အငြင်းအခုန်ဖြစ်ရာက ဘူဒိုဇာနဲ့ ဝင်တိုက်ခဲ့တဲ့အတွက် ၄ နှစ်အရွယ် မိန်းကလေးငယ်တဦး သေဆုံးသွားခဲ့သလို၊ ဒီဖြစ်ရပ်အတွက် အင်တာနက် အွန်လိုင်းပေါ်မှာ လည်း ဒေါသတကြီး တုန့်ပြန်မှုတွေ ပေါ်ပေါက်လာပါတယ်။
တရုတ်နိုင်ငံ အရှေ့တောင်ပိုင်း Fujian ပြည်နယ်မှာ သေဆုံးသူ မိန်းကလေးငယ် မိသားစုနေထိုင်ရာ နေရာအနီး မြေညှိနေကြတဲ့ ဆောက်လုပ်ရေးလုပ်ငန်းက အလုပ်သမားတွေကို တားဆီးဖို့ မိဘတွေက ကြိုးပမ်းရင်း ဗုဒ္ဓဟူးနေ့ကပဲ မတော်တဆမှု ဖြစ်ပွားခဲ့တာပါ။
သေဆုံးသူ ၄ နှစ်သမီးအရွယ် Hong Xiaorou ရဲ့ အဖြစ်အပျက်ကိုတော့ အခင်းဖြစ်ပြီး မကြာမီမှာပဲ တရုတ်လူမှုဆက်သွယ်ရေး ကွန်ရက်တွေမှာ ဖြန့်ဝေခဲ့ကြတာ ဖြစ်ပါတယ်။ ဒေသခံ အာဏာပိုင်တွေကတော့ မတော်တဆမှုလို့ ပြောပါတယ်။ ဖွံ့ဖြိုးတိုးတက်မှုတွေ အားကောင်းလာနေတဲ့ တရုတ်နိုင်ငံမှာ မြို့ပြချဲ့ထွင်လာရာက နစ်နာကြေး အနည်းအကျဉ်းလောက် ပဲပေးပြီး အတင်းအကျပ် ရွှေ့ပြောင်းခိုင်းတာတွေ မကြာခဏဆိုသလို ကြုံနေရတဲ့အတွက်လည်း ဒေါသထွက် မကျေနပ်မှုတွေ ဖြစ်ပွားလေ့ရှိပါတယ်။