ဆီးရီးယားနိုင်ငံ၊ ဒမတ်စကဒ်မြို့တော်မှာ ပြီးခဲ့တဲ့လအတွင်းက အရပ်သားတွေကို တိုက်ခိုက်ခဲ့ရာမှာ ဓာတုအဆိပ်ဓာတ်ငွေ့ အသုံးပြုခဲ့တယ်ဆိုတာကို လွတ်လပ်တဲ့ စမ်းသပ်မှုတွေက အတည်ပြုနိုင်ခဲ့တယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီက ပြောဆိုပါတယ်။
အခင်းဖြစ်တဲ့နေရာကနေ အမေရိကန် ပြည်ထောင်စုကို ပေးပို့ခဲ့တဲ့ ဆံပင်နဲ့သွေး နမူနာတွေအရ အဆိပ်ဓာတ်ငွေ့ အသုံးပြုတိုက်ခိုက် ခံခဲ့ရတယ်ဆိုတာကို အတည်ပြုနိုင်ခဲ့တယ်လို့ CNN သတင်းဌာနနဲ့ တနင်္ဂနွေနေ့မှာ ပြုလုပ်ခဲ့တဲ့ တွေ့ဆုံမေးမြန်းခန်းမှာ မစ္စတာကယ်ရီက ပြောသွားတာပါ။
သမ္မတအိုဘားမားက ဆီးရီးယားအစိုးရရဲ့ ဓာတုလက်နက်အသုံးပြု တိုက်ခိုက်ခဲ့တဲ့အပေါ် စစ်ရေးအရ အရေးယူဖို့အတွက် ကွန်ဂရက် လွှတ်တော်ကနေ အတည်ပြုချက်တောင်းခံမယ်လို့ ပြောဆိုခဲ့အပြီး နောက်တနေ့မှာ အခုလိုနိုင်ငံခြားရေး ဝန်ကြီး ဂျွန်ကယ်ရီရဲ့ မှတ်ချက်ပြုပြောစကား ထွက်ပေါ်လာတာဖြစ်ပါတယ်။
အမေရိကန်ပြည်ထောင်စု ကွန်ဂရက်လွှတ်တော်အမတ်တွေအနေနဲ့ မှန်ကန်တဲ့ ဆုံးဖြတ်ချက် ချမှတ်နိုင်လိမ့်မယ်လို့ သူ့အနေနဲ့ ယုံကြည်တဲ့ အကြောင်း မစ္စတာကယ်ရီကပြောဆိုလိုက်သလို ကွန်ဂရက်လွှတ်တော်ကနေ ဘယ်လို ဆုံးဖြတ်ချက် ချမှတ်သည်ဖြစ်စေ သမ္မတအိုဘားမားအနေနဲ့ လိုအပ်သလို လုပ်ပိုင်ခွင့်အာဏာရှိကြောင်း သူကပြောပါတယ်။
ဆီးရီးယားသမ္မတ ဘာရှာအယ်လ်အာဆတ်ကတော့ ဘယ်လိုပြည်ပက ကျူးကျော် တိုက်ခိုက်လာမှုမျိုးကိုမဆို ဆီးရီးယားအနေနဲ့ ရင်ဆိုင်နိုင်စွမ်းရှိကြောင်း ပြောဆိုလိုက်ကြောင်း ဆီးရီးယား အစိုးရပိုင် သတင်းဌာနက ပြောပါတယ်။ ဆီးရီးယား အတိုက်အခံတွေကတော့ သမ္မတအိုဘားမားအနေနဲ့ ချက်ချင်း အရေးယူဆောင်ရွက်သင့်တဲ့ ကိစ္စကို အချိန်ဆွဲနေတဲ့အတွက် ဘဝင်မကျ ဖြစ်ရကြောင်းပြောပါတယ်။
ဒီလိုအချိန်ဆွဲနေတဲ့အတွက် သမ္မတ ဘာရှာအယ်လ် အာဆတ်အနေနဲ့ အရပ်သားတွေအပေါ် ပိုမို ဒုက္ခပေးဖို့ အချိန်ရသွားလိမ့်မယ်လို့ ဆီးရီးယား အတိုက်အခံခေါင်းဆောင်တွေက ထောက်ပြပြောဆိုနေကြတာပါ။