သြဂုတ် ၃၁၊ ၂၀၁၃။ နိုင်ငံရေးပါတီတွေအနေနဲ့ ရံပုံငွေရှာဖွေရေးနဲ့ ပြည်ပအထောက်အပံ့တွေ ယူတဲ့ကိစ္စမှာ စည်းမျဉ်းဥပဒေအတိုင်း တိတိကျကျ လိုက်နာဆောင်ရွက်ဖို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကနေ နိုင်ငံရေးပါတီတွေကို သတိပေးထားပါတယ်။ ပါတီစုံ ဒီမိုကရေစီစနစ် အသွင်ကူးပြောင်းစ မြန်မာနိုင်ငံမှာ နိုင်ငံရေးပါတီတွေအနေနဲ့ မိမိတို့ ပါတီရပ်တည်ရေး ရံပုံငွေကြေးရှာဖွေရာမှာ ကြုံရတဲ့ အခက်အခဲ စိန်ခေါ်ချက်တွေနဲ့၊ အခုလို ပြည်ပအထောက်အပံ့နဲ့ပတ်သက်လို့ တင်းကြပ်ထားမှုတွေအပေါ် သဘောထားအမြင်တွေဘယ်လိုရှိပါသလဲ။ အခု သီတင်းပတ်ရဲ့ စနေညပိုင်း တိုက်ရိုက်လေလှိုင်းအစီအစဉ်မှာ ဒီအကြောင်းကို ဆွေးနွေးထားတာပါ။ အမျိုးသားဒီမိုကရေစီအင်အားစု ပါတီ ဥက္ကဌ ဦးခင်မောင်ဆွေ၊ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဥက္ကဌ ဦးအောင်မိုးဇော်တို့က ပင်တိုင်ဆွေးနွေး ဖြေကြားပေးထားပါတယ်။
နိုင်ငံရေးပါတီများ ရံပုံငွေကြေး ရပ်တည်မှု
