စက်တင်ဘာလ ၁၆၊ ၂၀၁၃။ မြန်မာနိုင်ငံမှာ နိုင်ငံရေးနဲ့ စီးပွားရေးပြုပြင်ပြောင်းလဲမှုနဲ့အတူ GSP ခေါ်တဲ့ ကုန်သွယ်မှုဆိုင်ရာအထူးအခွင့်အရေးကို EU ဥရောပသမဂ္ဂကနေ ပြန်လည် ပေးအပ်ခဲ့ပါတယ်။ ဒီအခြေအနေကြောင့် မြန်မာ့ဆန် ကမ္ဘာကို တင်ပို့နိုင်မယ့် အခွင့်အလမ်းကောင်းတွေ တိုးလာသလို၊ လက်ရှိအားဖြင့်လည်း ဥရောပနိုင်ငံတွေကို ဆန်စပါး တင်ပို့မှုတွေ စတင်ပြုလုပ်လာပါတယ်။ မြန်မာဆန်စပါး ပြည်ပတင်ပို့မှုအခြေအနေနဲ့ပတ်သက်လို့တော့ မြန်မာနိုင်ငံ ဆန်စပါးအဖွဲ့ချုပ်က အထွေထွေအတွင်းရေးမှုး ဦးရဲမင်းအောင်ကို ကိုသားညွန့်ဦးက မေးမြန်းပြီး ဒီသီတင်းပတ်ရဲ့ စီးပွားရေးအစီအစဉ်မှာ တင်ဆက်ထားပါတယ်။