သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အကြမ်းဖက်ဖြစ်ရပ်များ အသွင်ကူးပြောင်းရေး ထိခိုက်နိုင်ကြောင်း ICG သတိပေး


မြန်မာနိုင်ငံမှာ မူဆလင်ဆန့်ကျင်ရေး အကြမ်းဖက်မှုတွေကို ထိထိရောက်ရောက် အရေးယူ ဆောင်ရွက်ခြင်း မလုပ်နိုင်ရင် ပိုမို ပျံ့နှံ့လာနိုင်ပြီး ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကို ထိခိုက်စေနိုင်တယ်လို့ ICG ခေါ် နိုင်ငံတကာ ပဋိပက္ခ စောင့်ကြည့်လေ့လာရေးအဖွဲ့က ပြောကြားလိုက်ပါတယ်။

“The Dark Side of Transition: Violence Against Muslim in Myanmar” မူဆလင်များအပေါ် အကြမ်းဖက်မှု ဆိုတဲ့ ခေါင်းစဉ်နဲ့ အောက်တိုဘာလ ၁ ရက် နေ့စွဲနဲ့ ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ အခုလို ဖော်ပြထားတာ ဖြစ်ပါတယ်။ ဒီအကြမ်းဖက်မှုဟာ မြန်မာ-ဗုဒ္ဓဘာသာ အမျိုးသားရေးဝါဒ အရှိန်အဟုန် မြင့်မားလာမှုနဲ့ ဆက်စပ်နေပြီး သံဃာတော်တချို့ဦးဆောင်တဲ့ ၉၆၉ လှုပ်ရှားမှုကနေ မူဆလင်တွေကို စီးပွားရေးအရ သပိတ်မှောက်ဖို့ ဟောပြောမှုရဲ့ သြဇာမကင်းဘူးလို့လည်း ဆိုပါတယ်။

နှစ်ပေါင်းများစွာ အာဏာရှင်စနစ်အောက် ချုပ်တည်းလာခဲ့ရတဲ့ နာကျည်းခံပြင်းမှုတွေနဲ့ ဘာသာရေး အရေခြုံ နိုင်ငံရေးအင်အားစုတို့ရဲ့ လှုံ့ဆော်မှုတွေ ပေါင်းစည်းမိခြင်းဟာ စိုးရိမ်စရာ အခြေအနေ ဖြစ်နေတယ်လို့လည်း အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
XS
SM
MD
LG