သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အစိုးရပိတ်ရတဲ့အခြေအနေ Republican ပါတီစွဲကြောင့်လို့ အိုဘားမားပြစ်တင်


အမေရိကန်ပြည်ထောင်စုမှာ အစိုးရလုပ်ငန်းတွေ အင်္ဂါနေ့မှာ စတင် ရပ်ဆိုင်းသွားအောင် လုပ်မှုအတွက် တာဝန်ရှိသူတွေဟာ သူ့ရဲ့ ကျန်းမာရေး စောင့်ရှောက်မှု အစီအစဉ် ပျက်သွားအောင် ခံယူချက်အစွဲနဲ့ လုပ်နေတဲ့ Republican တွေ ဖြစ်တယ်လို့ အမေရိကန်သမ္မတက ပြောလိုက်ပါတယ်။

သန်းနဲ့ချီတဲ့ အမေရိကန်ပြည်သူတွေ တတ်နိုင်မယ့် တန်ဖိုးနည်း ကျန်းမာရေး အာမခံကို လက်မခံချင်ဘဲ သူ့အဆို မဆင်မခြင် တောင်းဆိုမှုတွေကို သူ့ဘက်က လိုက်လျောမှာ မဟုတ်ဘူးလို့ လိုအပ်တဲ့ အစိုးရလုပ်ငန်းတွေကလွဲလို့ ကျန်လုပ်ငန်းတွေ ရပ်ဆိုင်းလိုက်ရတဲ့နေ့မှာပဲ သမ္မတက အာမခံပြောခဲ့တာပါ။

ခုလို Obamacare လို့ခေါ်နေကြတဲ့ တန်ဖိုးနည်း ကျန်းမာရေး အာမခံဥပဒေကို လွှတ်တော်မှာ အတည်ပြုခဲ့ပြီး ဗဟိုတရားရုံးချုပ်မှာ ဥပဒေတည်အောင် လုပ်ထားပြီးသားဖြစ်တာမို့ အစိုးရလုပ်ငန်းတွေ ရပ်သွားအောင်လုပ်လို့ ဘာမှ အောင်မြင်မှုရမှာ မဟုတ်ဘူးလို့ အိမ်ဖြူတော်ကနေ သမ္မတအိုဘားမားက ပြောခဲ့ပါတယ်။

အောက်တိုဘာ ၁ ရက်နေ့မှာ စတင်အသက်ဝင်တဲ့ Obamacare ဥပဒေသစ်ကို ဆိုင်းထားအောင် ဒါမှမဟုတ် အသက်မဝင်အောင် အောက်လွှတ်တော်က အတည်ပြုလိုက်တဲ့ ဘတ်ဂျက်ဥပဒေကြမ်းကို အထက်လွှတ်တော်က တနင်္လာနေ့တုန်းက ပယ်ချခဲ့ပြီးနောက် တနင်္လာနေ့ည သန်းခေါင်ချိန်ကစလို့ အမေရိကန် အစိုးရလုပ်ငန်းတွေ ရပ်ဆိုင်းမှု စတင်ခဲ့တာပါ။
XS
SM
MD
LG