ဂျပန်နဲ့ အမေရိကန် လုံခြုံရေး ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ဖို့နဲ့ အာရှ ပစိဖိတ်နိုင်ငံတွေနဲ့ လွတ်လပ်စွာ ကုန်သွယ်မှု မြှင့်တင်ဖို့အတွက် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန် ကယ်ရီ (John Kerry) ဟာ ၆ ရက်ကြာ အာရှခရီးစဉ်ကို အင်္ဂါနေ့က စတင်လိုက်ပါတယ်။
ဒီကနေ့ ဗုဒ္ဓဟူးနေ့မှာ ဝန်ကြီး ကယ်ရီ တိုကျိုမြို့တော်ကို ရောက်ရှိမှာဖြစ်ပြီး၊ အမေရိကန် ဂျပန် လုံခြုံရေးရာ အတိုင်ပင်ခံ ကော်မတီဆွေးနွေးပွဲကို ကြာသပတေးနေ့မှာ တက်ရောက်မှာ ဖြစ်ပါတယ်။
ဂျပန်နိုင်ငံခြားရေးဝန်ကြီး Fumio Kishida၊ ကာကွယ်ရေးဝန်ကြီး Itsunori Onodera တို့နဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး တွေ့ဆုံရင် အမေရိကန် ကာကွယ်ရေးဝန်ကြီး Chuck Hagel ပါဝင် ဆွေးနွေးမှာ ဖြစ်ပါတယ်။
ရေပိုင်နက်အငြင်းပွားမှုနဲ့ ပတ်သက်လို့ တရုတ်ဘက်က ပိုပြီး ပိုင်ပိုင်နင်းနင်း လုပ်လာနေတာကို ဂျပန်ဘက်က စိန်ခေါ်မှုအဖြစ် မြင်တဲ့အတွက် ဒီစိန်ခေါ်မှုတွေနဲ့ ကိုက်ညီအောင် လုံခြုံရေးအစီအစဉ်တွေ ပြန်လည်လုပ်ဖို့ ဂျပန်နဲ့ အမေရိကန်တို့ ဆွေးနွေးကြမှာ ဖြစ်တယ်လို့ Kyodo သတင်းက ပြောပါတယ်။
အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ကယ်ရီဟာ သောကြာနေ့မှာတော့ တိုကျိုကနေ အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းကို သွားမှာဖြစ်ပြီး အဲ့ဒီမှာ ကျင်းပမယ့် အာရှပစိဖိတ် စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေး APEC ဆွေးနွေးပွဲကို တက်ရောက်မှာ ဖြစ်ပါတယ်။