သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သံတွဲအကြမ်းဖက်မှု ကုလ-ကန်စိုးရိမ်


( ဒေသခံပြည်သူများ။ သပြုချိုင်ရွာ၊ သံတွဲ၊ ရခိုင်ပြည်နယ်၊ အောက်တိုဘာ ၂၊ ၂၀၁၃)
( ဒေသခံပြည်သူများ။ သပြုချိုင်ရွာ၊ သံတွဲ၊ ရခိုင်ပြည်နယ်၊ အောက်တိုဘာ ၂၊ ၂၀၁၃)
ရခိုင်ပြည်နယ် သံတွဲမြို့မှာ လူအသေအပျောက်တွေ ရှိခဲ့တဲ့ အထိ ဖြစ်ပွားခဲ့တဲ့ သွေးထွက်သံယို ပဋိပက္ခတွေနဲ့ ပတ်သက်လို့ နိုင်ငံတကာ အသိုင်းအဝိုင်းက စိုးရိမ်တဲ့အကြောင်း ကြေညာချက်တွေ ထုတ်ပြန်ခဲ့ကြပါတယ်။ လူသေဆုံးမှုတွေ၊ အများအပြား ထိခိုက်ဒဏ်ရာတွေရမှုတွေနဲ့ မူဆလင်ဗလီတွေ၊ အိမ်တွေ မီးရှို့ဖျက်ဆီးခံခဲ့ရပြီးနောက် ရာနဲ့ချီအိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရတဲ့ သတင်းတွေနဲ့ ပတ်သက်လို့ အလွန်အမင်း စိုးရိမ်မိတဲ့အကြောင်း ရန်ကုန်မှာရှိတဲ့ အမေရိကန် သံရုံးကလည်း ဗုဒ္ဓဟူးနေ့မှာပဲ ကြေညာချက် ထုတ်ပြန်ခဲ့တာပါ။

အမေရိကန် ပြည်ထောင်စု အနေနဲ့ သွေးထွက်သံယို အကြမ်းဖက်မှုတွေကို ဆန့်ကျင်ရှုတ်ချကြောင်းလည်း ဖော်ပြထားပါတယ်။ တိုက်ခိုက်မှုတွေ ဖြစ်ပွားနေ
တဲ့ အခြေအနေတွေကို အမေရိကန် သံရုံးက ဆက်လက် စောင့်ကြည့်
သွားမှာ ဖြစ်သလို၊ ဒေသခံတွေရဲ့ အသက်အိုးအိမ်တွေကို အကာအကွယ်ပေးနိုင်ဖို့ အာဏာပိုင်တွေအနေနဲ့ ထိထိရောက်ရောက်၊ မြန်မြန်ဆန်ဆန် ဆောင်ရွက်ဖို့လည်း တိုက်တွန်းခဲ့တာပါ။

အထူးသဖြင့် မူဆလင်တွေအပေါ် ပစ်မှတ်ထား တိုက်ခိုက်မှုတွေကို ဆန့်ကျင်ကြဖို့နဲ့ မတူကွဲပြားတဲ့ လူမှုအသိုင်းအဝိုင်းကြား ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်နိုင်အောင် ကြိုးစားကြဖို့လည်း တောင်းဆိုခဲ့ပါတယ်။ သံတွဲမြို့မှာ ဖြစ်ပွားခဲ့တဲ့ ဆူပူအကြမ်းဖက်မှုတွေနဲ့ ပတ်သက်လို့ အင်္ဂါနေ့မှာတုန်းကလည်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း က အလွန်အမင်း စိုးရိမ်တဲ့အကြောင်း ပြောဆိုခဲ့တာပါ။

မြန်မာအစိုးရ အနေနဲ့ ဘေးအန္တာရာယ် ကြုံရနိုင်သူတွေကို အကာအကွယ်ပေးဖို့၊ အကြမ်းဖက်မှုတွေ ပျံ့နှံ့တာတွေကို အဆုံးသတ်အောင်လုပ်ဖို့ ပြဿနာရဲ့ အခြေခံဇစ်မြစ်ကို ရှာဖွေဖြေရှင်းဖို့နဲ့ အပြစ်ရှိသူတွေကို တရားဥပဒေအရ အရေးယူဖို့လည်း တိုက်တွန်းသွားပါတယ်။

မြန်မာနိုင်ငံမှာ မကြာသေးခင်နှစ်တွေအတွင်း ပေါ်ပေါက်လာတဲ့ အပြောင်းအလဲတွေအပေါ် အားရကျေနပ်မှု ရှိပေမဲ့လည်း မတူကွဲပြားတဲ့ လူမှုအသိုင်းအဝိုင်းကြားမှာ ပဋိပက္ခတွေ ဖြစ်ပွားနေတာဟာ အသွင်ကူးပြောင်းရေး အတွက် စိမ်ခေါ်မှုဖြစ်မယ် လို့လည်း မြန်မာနိုင်ငံခြားရေး ဝန်ကြီး ဦးဝဏ္ဏမောင်လွင် နဲ့ နယူးယောက်မြို့မှာ အင်္ဂါနေ့က တွေ့ဆုံချိန်မှာ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က သတိပေးသွားခဲ့ပါတယ်။
XS
SM
MD
LG