စက်တင်ဘာ ၃၀၊ ၂၀၁၃။ မြန်မာနိုင်ငံ ရန်ကုန်မြို့မှာ အဆမတန် ဈေးမြင့်တက်နေတဲ့ အိမ်ခြံမြေဈေးကွက်မှာ ဈေးနှုန်းပုံသေ သတ်မှတ်ဖို့ အာဏာပိုင်တွေက ကြိုးစားလာပါတယ်။ ဒီလို သတ်မှတ်မှုဟာ အိမ်ခြံမြေဈေးကျဖို့ထက်၊ အိမ်ခြံမြေအရောင်းအ၀ယ်ဈေးကွက်ကနေ အစိုးရ အခွန်ငွေ ပိုရစေဖို့ပဲ ဖြစ်လိမ့်မယ်လို့ အကဲခတ်တွေ အိမ်ခြံမြေရောင်းဝယ်မှု အကျိုးဆောင်လုပ်ငန်းသမားတွေက ယူဆပါတယ်။ ရန်ကုန်မြို့က အိမ်ခြံမြေဈေးကွက်အခြေအနေနဲ့ ပတ်သက်လို့ the Whole Town အိမ်ခြံမြေ အကျိုးဆောင်လုပ်ငန်းက ကိုစိုးထွဋ်ကို ဒီသီတင်းပတ် စီးပွားရေးအစီအစဉ်မှာ မေးမြန်းထားပါတယ်။