သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

APEC ခေါင်းဆောင်တွေ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ဖို့ ဆော်သြ


အာရှ-ပစိဖိတ် ဒေသတွင်းနိုင်ငံတွေကြား တသားတည်းဖြစ်အောင် တိုးမြှှင့်ဆောင်ရွက်သွားဖို့နဲ့ အာလုံးပါဝင်လာပြီး ပိုမို မျှတတဲ့ စီးပွားရေး ဖြစ်လာအောင် ဆက်ပြီး ဆောင်ရွက်သွားကြဖို့ အာရှ-ပစိဖိတ်ဒေသနိုင်ငံများ စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးအဆင့် ဆွေးနွေးပွဲမှာ သဘောတူခဲ့ကြပါတယ်။

အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းမှာ သောကြာ၊ စနေ ၂ ရက် ကျင်းပခဲ့တဲ့ APEC အဖွဲ့ ဝန်ကြီးအဆင့် ဆွေးနွေးပွဲမှာ အဖွဲ့ဝင်တွေကြား ချမှတ်ထားတဲ့ ဘောင်အတွင်း ဆက်သွယ်ချိတ်ဆက် ပူးပေါင်းဆောင်ရွက်မှုမှာ ဘာတွေ တိုးတက်မှုရှိသလဲ၊ ဒေသတွင်း နိုင်ငံတွေရဲ့ စီးပွားရေး ပိုမိုသာယာဝပြောအောင် ဘယ်လိုလုပ်ကြမလဲဆိုတာကို ဆွေးနွေးခဲ့ကြပါတယ်။

ဒေသတွင်းနိုင်ငံတွေကြား ချောမွေ့တဲ့ စီးပွားဆက်ဆံရေးဖြစ်အောင်နဲ့ တိုးတက် ဖွံ့ဖြိုးရေးအတွက် တသားတည်းဖြစ်အောင် လုပ်ကြဖို့ သဘောတူခဲ့ကြတယ်လို့ စည်းဝေးပွဲအပြီး ထုတ်ပြန်တဲ့ ကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။ ၂၀၂၀ ခုနှစ်မတိုင်ခင် ကုန်သွယ်ရေးနဲ့ ရင်းနှီးမြှုပ်နှံမှုအတွက် လွတ်လပ်မျှတတဲ့ ဒေသတွင်း စီးပွားရေး ဖော်ဆောင်ဖို့ကို သဘောတူခဲ့ကြပါတယ်။

အာရှ-ပစိဖိတ် ဒေသနိုင်ငံများ ဝန်ကြီးအဖွဲ့ စည်းဝေးပွဲကို အဖွဲ့ဝင် ၂၁ နိုင်ငံက စီးပွားရေးနဲ့ နိုင်ငံခြားရေးဝန်ကြီးတွေ တက်ရောက်ခဲ့ကြပါတယ်။ APEC ထိပ်သီးစည်းဝေးပွဲကို တနင်္လာနေ့မှာ ကျင်းပမှာဖြစ်ပြီး စည်းဝေးပွဲ တက်ရောက်ဖို့အတွက် နိုင်ငံခေါင်းဆောင်တွေလည်း ဘာလီကျွန်းကို စတင် ရောက်ရှိနေကြပါတယ်။

အမေရိကန်သမ္မတ Barack Obama ကတော့ ပြည်တွင်းမှာဖြစ်နေတဲ့ ပြဿနာတွေကြောင့် ဒီနှစ် APEC ထိပ်သီးစည်းဝေးပွဲ တက်ရောက်မယ့် အစီအစဉ်ကို ဖျက်ခဲ့ပါတယ်။
XS
SM
MD
LG