သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရူပဗေဒဘာသာရပ်ဆိုင်ရာ နိုဘဲလ်ဆု


၂၀၁၃ ခုနှစ်အတွက် ရူပဗေဒဆိုင်ရာ နိုဘဲလ်ဆုကို ဘယ်လ်ဂျီယံ နိုင်ငံသား Francois Englert နဲ့ ဗြိတိသျှနိုင်ငံသား Peter Higgs တို့ကို ချီးမြှင့်လိုက်ပါတယ်။ နိုဘဲလ်ဆု ရွေးချယ်ရေးကော်မတီက ရူပဗေဒဆိုင်ရာ နိုဘဲလ်ဆုကို အင်္ဂါနေ့မှာ ဆွီဒင်နိုင်ငံ Stockholm မှာ ကြေညာလိုက်တာပါ။

Englert နဲ့ Higgs တို့ဟာ ကမ္ဘာအပါအဝင် စကြဝဠာကြီး ဖြစ်လာစေတဲ့ အခြေခံအကျဆုံး အမှုန်လေးတွေ ဘယ်လို ဖြစ်ပေါ်လာတယ်ဆိုတဲ့ ဖြစ်စဉ်ကို နားလည်အောင် ဖော်ထုတ် ရှင်းပြနိုင်တာမို့ သူတို့ကို ဆုပေးဖို့ ကော်မတီက ရွေးချယ်လိုက်တာဖြစ်ပါတယ်။

သူတို့ နှစ်ဦးဟာ Higgs particle လို့ခေါ်တဲ့ အခြေခံအကျဆုံး အမှုန်ကို စတင် ဖော်ထုတ်နိုင်သူတွေအဖြစ် ကျော်ကြားပါတယ်။ ဒီအမှုန်ကို ကမ္ဘာအပါအဝင် စကြဝဠာကြီး ဖြစ်လာစေတဲ့ God particle “ဖန်ဆင်းရှင်အမှုန်” လု့ိလည်း ခေါ်ဆိုကြပြီး အမှုန်ဆိုင်ရာ ရူပဗေဒ ဘာသာရပ်အတွက် အခြေခံအကျဆုံး သဘောတရား တခုလည်း ဖြစ်ပါတယ်။

အင်္ဂါနေ့ နိုဘဲလ်ဆု ကြေညာရာမှာ သတ်မှတ်ချိန်ထက် တစ်နာရီလောက် နောက်ကျခဲ့ပေမဲ့ ဘာကြောင့် နောက်ကျရတယ် ဆိုတာတော့ ထုတ်မပြောပါဘူး။
တီထွင်ပညာရှင်တဦးဖြစ်တဲ့ စီးပွားရေးလုပ်ငန်းရှင် Alfred Nobel ကို အစွဲပြုပြီး နိုဘဲလ်ဆု ပေးအပ်တာကို ၁၉၀၁ ခုနှစ်က စတင်ခဲ့တာဖြစ်ပြီး၊ သိပ္ပံ၊ စာပေနဲ့ ငြိမ်းချမ်းရေးဆိုင်ရာ နိုဘဲလ်ဆုတွေကို နှစ်စဉ် ပေးအပ်နေတာ ဖြစ်ပါတယ်။
XS
SM
MD
LG