သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတနဲ့ Republican တွေကြား ပြေလည်မှုမရနိုင်သေး


အမေရိကန်အစိုးရ ပေးဆပ်ရမယ့် အကြွေးတွေ အတိုးတွေပေးနိုင်ဖို့ အစိုးရ ငွေချေးနိုင်တဲ့ ပမာဏကို လွှတ်တော်က တိုးပေးရမယ့် နောက်ဆုံးရက် ရောက်ခါနီးနေချိန်မှာ အမေရိကန်ပြည်ထောင်စုက ပေးစရာ အကြွေးတွေကို အမြဲ ပြန်ဆပ်ပါတယ်လို့ ကမ္ဘာကို စိတ်မပူအောင် သမ္မတ Barack Obama က အာမခံ ပြောလိုက်ပါတယ်။

အမေရိကန်က အကြွေးတွေ ပြန်မဆပ်ရင်တောင် ကမ္ဘာ့စီးပွားရေး ပြန်နလန်ထူမှုအပေါ် မထိခိုက်နိုင်ပါဘူးလို့ လွှတ်တော်က ရည်ညွှန်းပြောခဲ့လို့ ရင်းနှီးမြှုပ်နှံသူတွေ စိတ်ပူစရာ ဖြစ်ခဲ့တယ်လို့ သမ္မတ အိုဘားမားက သတင်းထောက်တွေကို အင်္ဂါနေ့က ပြောကြားခဲ့တာ ဖြစ်ပါတယ်။

အစိုးရချေးငွေပမာဏ တိုးမြှင့်ရေးကို တခြားခြွင်းချက်တွေ ဘာမှမပါဘဲ လွှတ်တော်က အတည်ပြုပေးဖို့လည်း သမ္မတက တောင်းဆိုလိုက်ပါတယ်။ အမေရိကန်အစိုးရ လုပ်ငန်းတချို့ လည်ပတ်မှု ရပ်ဆိုင်းထားရတာ သီတင်းနှစ်ပတ်ထဲ ဝင်လာပြီဖြစ်လို့ လုပ်ငန်းတွေ ပြန်လည် လည်ပတ်နိုင်ဖို့ အစိုးရအသုံးစရိတ် မူကြမ်းကိုလည်း သတ်မှတ်ချက်တွေ ကင်းကင်းရှင်းရှင်းနဲ့ အတည်ပြုပေးဖို့ လွှတ်တော်ကို သမ္မတက ပန်ကြားခဲ့ပါတယ်။

အောက်လွှတ်တော်ဥက္ကဌ Republican အမတ် John Boehner ကတော့ သမ္မတဟာ အသုံးစရိတ်ကိစ္စကိုရော ချေးငွေပမာဏ တိုးမြှင့်ဖို့ကိစ္စမှာပါ ညှိနှိုင်းဖို့ ငြင်းဆန်နေတဲ့အပေါ် စိတ်ပျက်တယ်လို့ ပြောခဲ့ပါတယ်။ အကြွေးပမာဏ မြှင့်တဲ့ကိစ္စကို သုံးပြီး အပေးအယူလုပ်တာ အမြဲ မျှတမှုရှိပြီး အမေရိကန် အစိုးရအနေနဲ့ အသုံးစရိတ် မရှိဘဲ ဆက်လက်သုံးစွဲနေလို့ မရဘူးလို့ အောက်လွှတ်တော် ဥက္ကဌ John Boehner ကပြောပါတယ်။
XS
SM
MD
LG