သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘင်္ဂလားဒေ့ရှ်စက်ရုံမီး ၉ ယောက်သေ


ဘင်္ဂလားဒေ့ရှ်နိုင်ငံ အထည်ချုပ်စက်ရုံတရုံမှာ မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ပြီး လူ ၉ ဦးထက်မနည်း သေဆုံးခဲ့ရပါတယ်။ အင်္ဂါနေ့က ဖြစ်ပွားခဲ့တဲ့ ဒီမီးလောင်ကျွမ်းမှုဟာ ဘယ်ကနေ စတင်ခဲ့တယ်ဆိုတာ ခုထိ မသိရသေးပါဘူး။ ဒီမီးငြိမ်းသွားအောင် နာရီအတော်ကြာ ငြိမ်းသတ်ခဲ့ရတယ်လို့ မီးသတ်သမားတွေက ပြောပါတယ်။

ပြီးခဲ့တဲ့နှစ်တုန်းက လူပေါင်း ၁,၁၀၀ ကျော် သေဆုံးခဲ့ရတဲ့ အထည်ချုပ်စက်ရုံ ပြိုကျမှုကနေစပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင်းက အထည်ချုပ်စက်ရုံတွေရဲ့ ဆိုးရွားတဲ့ လုပ်ငန်းခွင် အခြေအနေကို မီးမောင်းထိုးပြသလို ဖြစ်ခဲ့ရပါတယ်။ မနှစ်က နိုဝင်ဘာလထဲမှာလည်း စက်ရုံမီးလောင်ကျွမ်းမှုကြောင့် လူပေါင်း ၁၀၀ ကျော် သေဆုံးခဲ့ရတာပါ။

ငွေကြေးဖောင်းပွမှုနှုန်း မြင့်တက်လာတာကြောင့် အလုပ်သမားတွေရဲ့ ဝင်ငွေကို ထိခိုက်စေကြောင်း အလုပ်သမားသမဂ္ဂတွေက ပြောသလို စက်ရုံအများအပြားမှာ လုံခြုံစိတ်ချရမှုဆိုင်ရာ စံနှုန်း သိပ်ကို နိမ့်ကျနေတာအတွက်လည်း အလုပ်သမားတွေက တိုင်တန်းနေကြတာပါ။

နိုင်ငံခြားဝင်ငွေ ၈၀ ရာခိုင်နှုန်း ဖြည့်တင်းပေးနေတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ အထည်ချုပ်စက်ရုံတွေမှာရှိတဲ့ ပြဿနာတွေအတွက် အစိုးရဖြေရှင်းပေးဖို့ ပျက်ကွက်နေတာကိုလည်း အကဲခတ်တွေက သတိပေးနေကြပါတယ်။
XS
SM
MD
LG