သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဓာတုဗေဒနိုဘဲလ်ဆု ပညာရှင် ၃ ဦးဝေမျှ


၂၀၁၃ခုနှစ်အတွက် ဓာတုဗေဒဆိုင်ရာ နိုဘဲလ်ဆုကို သိပ္ပံပညာရှင်တွေဖြစ်ကြတဲ့ Martin Karplus၊ Michael Levitt နဲ့ Arieh Warshel တို့ကို ပူးတွဲချီးမြှင့်လိုက်ပါတယ်။ ရှုပ်ထွေးတဲ့ ဓာတုဗေဒဆိုင်ရာ စနစ်တွေအတွက် တိုင်းတာဖို့ (multi-scale models) ပုံစံတွေကို တီထွင်တဲ့ သူတို့ရဲ့ လုပ်ဆောင်မှုအတွက် ချီးမြှင့်ဂုဏ်ပြုတာလို့ ဆွီဒင်တော်ဝင်သိပ္ပံ (Royal Swedish Academy of Sciences) အဖွဲ့ကြီးက ဆိုပါတယ်။

ဆုရသူ ၃ ဦးအတွက် ဆုကြေးငွေကတော့ အမေရိကန်ဒေါ်လာ ၁ သန်း ၂ သိန်းခွဲ ဖြစ်ပါတယ်။ သြစတြီးယားနိုင်ငံသား Martin Karplus ဟာ Strasbourg တက္ကသိုလ်မှာရော Harvard တက္ကသိုလ်မှာပါ ပါမောက္ခအဖြစ် တာဝန်ထမ်းဆောင်နေသူ ဖြစ်ပါတယ်။ တောင်အာဖရိကနိုင်ငံသား Michael Levitt ကတော့ Stanford တက္ကသိုလ်ကဖြစ်ပြီး အစ္စရေးလ်က Arieh Warshel ကတော့ Los Angeles မှာရှိတဲ့ တောင်ပိုင်း California တက္ကသိုလ်က ဖြစ်ပါ တယ်။

တီထွင်ပညာရှင်တဦးဖြစ်တဲ့ စီးပွားရေးလုပ်ငန်းရှင် Alfred Nobel ကို အစွဲပြုပြီး ၁၉၀၁ ခုနှစ်က စတင်ပေးအပ်နေတဲ့ နိုဘဲလ်ဆုတွေဟာ သိပ္ပံ၊ စာပေနဲ့ ငြိမ်းချမ်းရေး ကဏ္ဍတွေက အောင်မြင်မှုတွေအတွက် ချီးမြှင့်နေတာဖြစ်ပါတယ်။
XS
SM
MD
LG