သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Janet Yellen အား အမေရိကန်ဗဟိုဘဏ် ဥက္ကဌသစ်အဖြစ် သမ္မတ အမည်တင်သွင်း


အမေရိကန်ပြည်ထောင်စု ဗဟိုဘဏ်ရဲ့ လက်ရှိ ဒုဥက္ကဌအဖြစ် တာဝန်ထမ်းဆောင်နေတဲ့ Janet Yellen ကို ဥက္ကဌရာထူး ခန့်အပ်ဖို့ သမ္မတ အိုဘားမား က အဆိုပြုလိုက်ပါတယ်။ အသက် ၆၇ နှစ်အရွယ် Yellen ဟာ ဗဟိုဘဏ်ဥက္ကဌ Ben Bernanke ရဲ့နေရာမှာ အစားထိုးမှာ ဖြစ်ပါတယ်။

Ben Bernanke ဟာ ဇန်နဝါရီလ ၃၁ ရက်နေ့မှာ သူ့ရဲ့ ဒုတိယသက်တမ်း ကုန်ဆုံးမှာ ဖြစ်ပါတယ်။ Yellen ကို ဗဟိုဘဏ်ဥက္ကဌအဖြစ် ခန့်အပ်ဖို့ အမေရိကန် အထက်လွှတ်တော်က ကြားနားစစ်ဆေးပြီးတော့ အတည်ပြုပေးရမှာ ဖြစ်ပါတယ်။ သူ့ကို ထောက်ခံအားပေးသူတွေကတော့ Yellen ကို နောက်လာမယ့် ၄ နှစ်မှာ တာဝန်ထမ်းဆောင်ဖို့ ခွင့်ပြုမယ်လို့ ယုံကြည်နေကြတာပါ။

တကယ်လို့သာ Yellen ကို ဗဟိုဘဏ်ဥက္ကဌအဖြစ် ခန့်အပ်ခဲ့မယ်ဆိုရင်တော့ ဒါဟာ နှစ်ပေါင်း ၁၀၀ အတွင်း ဗဟိုဘဏ်ရဲ့ ပထမဆုံး အမျိုးသမီးဥက္ကဌ ဖြစ်လာမှာလည်း ဖြစ်ပါတယ်။

သမ္မတ အိုဘားမားကတော့ သူ့ကို စီးပွားရေးမှာ အမျှော်အမြင်ရှိသူ၊ အမေရိကန်နိုင်ငံမှာ လွန်ခဲ့တဲ့ ၅ နှစ်က စီးပွားရေးကျဆင်းခဲ့တဲ့အချိန်မှာ ဖြစ်လာနိုင်တဲ့ ပြဿနာတွေကို ကြိုတင် မြင်ခဲ့သူဆိုပြီး ချီးမွမ်းပြောဆိုပါတယ်။

ကမ္ဘာ့စီးပွားရေး အင်အားအကြီးဆုံးဖြစ်တဲ့ အမေရိကန် စီးပွားရေးစနစ်ကို စီမံခန့်ခွဲတဲ့နေရာမှာ အဘက်ဘက်က အမြင်တွေကို နားထောင်ပြီးတော့ အများသဘောတူအောင် ညှိယူနိုင်တဲ့ ပုဂ္ဂိုလ်တစ်ဦးဖြစ်တယ်လို့လည်း သူ့ကို သမ္မတ အိုဘားမား က တင်စားပြောဆိုပါတယ်။

အမေရိကန်ရဲ့ စီးပွားရေးကို မလွဲမသွေ ကာကွယ်စောင့်ရှောက်မယ်၊ ကာကွယ်စောင့်ရှောက်နိုင်တယ်ဆိုပြီး Yellen က အိမ်ဖြူတော်မှာ ပြုလုပ်တဲ့ သူ့ရဲ့မိန့်ခွန်းထဲမှာ ထည့်သွင်း ပြောဆိုသွားပါတယ်။

အမေရိကန်နိုင်ငံမှာ အလုပ်လက်မဲ့ ၇ ဒဿမ ၃ ရာခိုင်နှုန်း ရှိနေတာဟာ အမေရိကန်သမိုင်းမှာ များနေသေးတာဖြစ်ပြီး လူတိုင်း အလုပ်လုပ်ဖို့ အခွင့်အရေး ရှိရမယ်ဆိုပြီး Yellen က ပြောဆိုသွားခဲ့ပါတယ်။
XS
SM
MD
LG