သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီရန်နျူကလီးယားအရေးဆွေးနွေး


အီရန်နိုင်ငံမှာ သမ္မတသစ်အဖြစ် တက်လာပြီးနောက် ပထမဆုံးအကြိမ်အဖြစ် အီရန်ရဲ့ နျူကလီးယား အစီအစဉ်တွေနဲ့ ပတ်သက်လို့ ဆွေးနွေးညှိနှိုင်းမယ့် အဆိုပြုချက်တခုကို ကမ္ဘာ့အင်အားကြီး နိုင်ငံတွေကို တင်ပြလိုက်ပါတယ်။ အမေရိကန်၊ ရုရှား၊ ပြင်သစ်၊ ဗြိတိန်၊ ဂျာမဏီနဲ့ တရုတ်နိုင်ငံတွေကတော့ အီရန်အနေနဲ့ နျူကလီးယားလက်နက် ထုတ်လုပ်ဖို့ ကြိုးစားနေတာမျိုး မရှိဘူးဆိုတာကို သက်သေပြဖို့ လိုလားနေကြတာပါ။

အီရန်နိုင်ငံဘက်ကတော့ နျူကလီးယား သန့်စင်တဲ့လုပ်ငန်းတွေကို ရပ်ဆိုင်းဖို့ ငြင်းဆန်ခဲ့တဲ့အတွက် နိုင်ငံတကာက ပိတ်ဆို့ဒဏ်ခတ်ထားတာတွေကို လျှော့ပေါ့လာအောင် ကြိုးစားနေတာ ဖြစ်ပါတယ်။

ဥရောပသမဂ္ဂ (EU) ရဲ့ နိုင်ငံခြားမူဝါဒရေးရာ အကြီးအကဲ Catherine Ashton ရဲ့ ပြောခွင့်ရသူကတော့ ဆွေးနွေးမှုတွေ လုပ်ဆောင်နေဆဲ ဖြစ်တဲ့အတွက် အစီအစဉ် အသေးစိတ်တွေကို မပြောနိုင်သေးတဲ့အကြောင်း ဒီကနေ့မှာပဲ ပြောဆိုခဲ့တာပါ။

ဒါပေမဲ့လည်း P5+1 လို့ ခေါ်ကြတဲ့ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီရဲ့ အမြဲတမ်းအဖွဲ့ဝင် ၅ နိုင်ငံနဲ့ ဂျာမဏီနိုင်ငံတို့အနေနဲ့ စိုးရိမ်မကင်း ဖြစ်နေတဲ့ ကိစ္စတွေကို အီရန်နိုင်ငံရဲ့ အဆိုပြုချက်က ဖြေရှင်းနိုင်လိမ့်မယ်လို့ မျှော်လင့်တဲ့အကြောင်း ပြောပါတယ်။

ကမ္ဘာ့အင်အားကြီး နိုင်ငံတွေအနေနဲ့လည်း ကိုယ်ပိုင်အဆိုပြုချက်တရပ်ကို ဆွေးနွေးပွဲတွေ အစပိုင်းမှာကတည်းက တင်ပြထားတဲ့အကြောင်းလည်း သူက ပြောဆိုသွားပါတယ်။
XS
SM
MD
LG