သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖိလစ်ပိုင်ငလျင် ၇၀ ထက်မနည်း သေဆုံး


ဖိလစ်ပိုင်နိုင်ငံအလယ်ပိုင်းက ကမ္ဘာလှည့်ခရီးသည်တွေ အများဆုံးသွားတဲ့ဒေသမှာ ဒီကနေ့ အစောပိုင်းက အင်အားပြင်းတဲ့ ငလျင်တခု လှုပ်ခတ်တာကြောင့် လူ ၇၃ ယောက်ထက် မနည်းသေဆုံးပြီး ရာပေါင်းများစွာ ဒဏ်ရာရသွားပါတယ်။

ပြင်းအား ၇ ဒဿမ ၂ ရှိတဲ့ ငလျင်ဟာ ဘိုဟိုလ်ကျွန်းနားမှာ ဗဟိုပြု လှုပ်ခတ်ခဲ့တာဖြစ်ပြီး သေဆုံးဒဏ်ရာရသူအများစုဟာ အဲဒီဒေသမှာဖြစ်ခဲ့တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

ငလျင်ကြီးနဲ့ နောက်ဆက်တွဲ ငလျင်ငယ် အများအပြားကြောင့် အဆောက်အဦးတွေပြိုကျ၊ လမ်းတွေပျက်စီးကုန်ပြီး ထိတ်လန့် ကြောက်ရွံ့နေတဲ့ ဒေသခံတွေဟာ အိမ်တွေ ရုံးတွေထဲကနေ ထွက်ပြေးခဲ့ကြပါတယ်။

ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေကို ဒီကနေ့ ဆက်လုပ်နေကြတာနဲ့ အမျှ သေဆုံးသူအရေအတွက် တိုးလာဖွယ်ရှိတယ်လို့ ခန့်မှန်းထားကြပါတယ်။
ငလျင်ဒဏ်ကြောင့် ဆိုင်တွေ၊ လမ်းတွေ အပြင်းအထန် ပျက်စီးသွားတာကို လူမှုဆက်သွယ်ရေး ကွန်ယက် အင်တာနက်စာမျက်နှာတွေမှာ တင်ထားတဲ့ ပုံတွေမှာတွေ့ရပါတယ်။

အဲဒီဒေသက သမိုင်းဝင် အဆောက်အဦး အများအပြား ထိခိုက် ပျက်စီးခဲ့တယ်လို့ မျက်မြင်တွေ့သူတဦးက ဗွီအိုအေကို ပြောပါတယ်။
XS
SM
MD
LG