သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၁၈ ပေရှည် ရှားပါးငါးကြီးတွေ့ရှိ


အမေရိကန်အနောက်တောင်ပိုင်း ကယ်လီဖိုးနီးယားပြည်နယ် ကမ်းရိုးတန်းရေပြင်မှာ ရေငုတ်နေတဲ့ အဏ္ဏဝါသိပ္ပံ ဆရာမတဦးဟာ ရှားပါးတဲ့ ကမ္ဘာ့အရှည်ဆုံး ရေနက်ပိုင်းမှာ ငါးကြီးတကောင်ရဲ့ ခန္ဓာကိုယ်ကို တွေ့ရှိခဲ့ပါတယ်။

Catalina ကျွန်း အဏ္ဏဝါသိပ္ပံက ဆရာမ Jasmine Santana ဟာ ရေအနက် ပေ ၃၀ လောက်မှာ အလျား ၁၈ ပေရှည်တဲ့ Oarfish ရဲ့ သေဆုံးနေတဲ့ ငွေရောင်ခန္ဓာကိုယ်ကို တွေ့ရှိခဲ့တာပါ။အဲ့ဒီငါးကြီးကို ကမ်းခြေရောက်ဖို့ လူပေါင်း ၁၅ ယောက်ကျော်နဲ့ ဆွဲယူခဲ့ရပါတယ်။

ပေ ၅၀ လောက်အထိ ရှည်နိုင်တဲ့ ဒီငါးကို တွေ့ရှိမှုဟာ တသက်မှာ တခါ ကြုံရတဲ့ ရှာဖွေ တွေ့ရှိမှုဖြစ်တယ်လို့ အဏ္ဏဝါသိပ္ပံ ဝန်ထမ်းတွေက ပြောပါတယ်။ Oarfish ငါးဟာ ရေအနက် ပေ ၃၀၀၀ လောက်မှာပဲ နေထိုင်တာမို့ ဒီငါးကို တွေ့ရဖို့ သိပ်ခက်ခဲပြီး သူ့အကြောင်း လေ့လာထားတာ မရှိသလောက်ပဲလို့လည်း Catalina အဏ္ဏဝါသိပ္ပံက ပြောပါတယ်။

ဒီငါးကြီးဟာ သဘာဝအလျောက် သေဆုံးသွားတာ ဖြစ်ပါတယ်။ ဒီငါးအသေကောင်ကို လာမယ့်သီတင်းပတ် အင်္ဂါနေ့အထိ သူတို့ကျောင်းမှာ ပြသထားမှာဖြစ်ပြီး သဲထဲမြှုပ်ပြီး အသားတွေ ပဲ့ကြွေသွားတဲ့အထိ ထိန်းသိမ်းရင်း အရိုးကို ပြန်ဆင်ပြီး ပြသမှာ ဖြစ်ပါတယ်။
XS
SM
MD
LG