သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီရန် ပိတ်ဆို့မှုဖြေလျှော့ရေး အမေရိကန်စဉ်းစားပြီ


အီရန်ရဲ့ နျူကလီယားအစီအစဉ်
အီရန်ရဲ့ နျူကလီယားအစီအစဉ်
အမေရိကန်ရဲ့ပိတ်ဆို့မှုအရ ပြည်ပရှိ ချိတ်ပိတ်ခံထားရတဲ့ အီရန်နိုင်ငံပိုင်ရန်ပုံငွေတချို့ကို တဖြည်း ဖြည်းဖြေလျှော့ပေးဖို့ သမ္မတအိုဘားမား အစိုးရက စဉ်းစားနေပြီလို့ သတင်းတွေမှာ ဖေါ်ပြနေကြပါပြီ။ အီရန်ရဲ့ နျူကလီယားအစီအစဉ်ထိန်းချုပ်ရေးကို ရည်ရွယ်ပြီး အမေရိကန်က ပိတ်ဆို့မှုတွေနဲ့ အရေးယူ ထားတာဖြစ်ပါတယ်။ ပိတ်ဆို့မှုတွေ ဖြေလျှော့ပေးမယ့် အစီအစဉ်အရ အီရန်ရဲ့ ချိတ်ပိတ်ထားတဲ့ ပိုင်ဆိုင်မှုတွေကို အရစ်ကျ ပြန်လည်ထုတ်ယူနိုင်တော့မှာဖြစ်ပါတယ်။
အီရန်နျူကလီယားအရေး ဂျီနီဗာမြို့မှာ ဒီအပတ်ထဲ ကျင်းပခဲ့တဲ့ ဆွေးနွေးပွဲနောက်ပိုင်း အမည်မဖေါ်လို သူ အကြီးတန်း တာဝန်ရှိသူတဦးကို ကိုးကားပြီး သတင်းတွေမှာဖေါ်ပြလိုက်တာပါ။ အိမ်ဖြူတော် ပြောခွင့်ရသူ Jay Carney ကတော့ အီရန်နိုင်ငံဟာ အရင်တုံးကမတွေ့ခဲ့ရဘူးတဲ့ အလေးအနက်ထား လာသလို အနှစ်သာရရှိရှိ ဆွေးနွေးလာတာတွေ့ရတယ်လို့ ပြောပါတယ်။

ဒါပေမဲ့ အဲဒီဆွေးနွေးပွဲတွေမှာ ပိတ်ဆို့မှုတွေဖြေလျှော့ပေးမယ်ဆိုတဲ့ အချက်အတိအကျပါဝင်တယ် ဆိုတာမျိုးကို ပြောဖို့အချိန် မတန် သေးကြောင်း ခန့်မှန်းနေကြတာဖြစ်တယ်လို့ အိမ်ဖြူတော် ပြောခွင့်ရ သူ နောက်တဦးဖြစ်တဲ့ Bernadette Meehan ကဆိုပါတယ်။ အမေရိကန်က ပိတ်ဆို့မှုတွေ ဖြေလျှော့ ပေးမယ့်ခြေလှမ်းတွေလှမ်းဖို့ အလေးအနက်မစဉ်းစားခင်မှာ အီရန်အနေနဲ့ အနှစ်သာရရှိတဲ့၊ ပွင့်လင်း မြင်သာတဲ့၊ သေချာတဲ့အရေးတယူလှုပ်ရှားမှုတွေကိုပြသဖို့ သဘောတူရပါလိမ့်မယ်လို့ Ms. Meehan ကပြောပါတယ်။

တချိန်တည်းမှာဘဲ အစ္စရေးဝန်ကြီးချုပ် Benjamin Natanyahu က အီရန်အပေါ် ဖိအားတွေ လျှော့ပေး လိုက်မယ်ဆိုရင် သမိုင်းတွင်မယ့် မဟာအမှားအဖြစ် မှတ်တမ်းတင်ခြင်းခံရမယ်လို့ သတိပေး လိုက်ပါတယ်။
XS
SM
MD
LG