သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နျူကလီးယား ထပ်စမ်းဖို့ မြောက်ကိုရီးယားပြင်ဆင်


မြောက်ကိုရီးယား ကောင်းကင်ဓာတ်ပုံလေ့လာချက်။
မြောက်ကိုရီးယား ကောင်းကင်ဓာတ်ပုံလေ့လာချက်။
မြောက်ကိုရီးယားနိုင်ငံမှာရှိတဲ့ နျူကလီယားစက်ရုံနေရာမှာ လတ်တလော ဆောက်လုပ်ရေးဆိုင်ရာ လုပ်ရပ်တွေကိုကြည့်ရင် စတုတ္ထ အကြိမ်မြောက် နျူကလီယား စမ်းသပ်မှုတွေ လုပ်ဖို့ မြောက်ကိုရီးယား အစိုးရက ပြင်ဆင်တာဖြစ်နိုင်တယ်လို့ စောင့်ကြည့် အကဲခတ်သူတွေက ပြောပါတယ်။ ကောင်းကင် ဓါတ်ပုံလေ့လာချက်တွေ အရ မြောက်ကိုရီးယားက Pung gye-ri နျူကလီယားဆိုင်ရာ စမ်းသပ်မှုတွေ လုပ်တဲ့နေရာ မှာ မြေအောက် လိုဏ်ခေါင်းဝင်ပေါက် အသစ် ၂ ခု ကိုတွေ့ရတဲ့အပြင် တခြားဆောက်လုပ်ရေး လုပ်ငန်းတွေ လုပ်နေတာကိုပါတွေ့ရတယ်လို့ Johns Hopkins တက္ကသိုလ် အမေရိကန်- ကိုရီးယား သိပ္ပံဌာနက ပြောပါတယ်။

ဒီဌာနရဲ့ 38 North ဘလော့ စာမျက်နှာမှာ နျူကလီယားစမ်းသပ်မှုတွေကို ချက်ချင်းလုပ်မယ့် အရိပ်လက္ခဏာတော့ မတွေ့ရဘူးလို့ လည်း ဖေါ်ပြထားပါတယ်။ ဒီမြေအောက် လှိုဏ်ခေါင်းတွေဟာ နျူကလီယား စမ်းသပ်ဖေါက်ခွဲမှုတွေအတွက် ဖြစ်နိုင်သလို၊ လေဝင်လေထွက် ကောင်းအောင်လိုမျိုး တခြားရည်ရွယ်ချက်တွေနဲ့ ဖေါက်တာဖြစ်နိုင်ကြောင်းလည်း ပြောပါတယ်။
ဒါပေမယ့် အခုလို ဆောက်လုပ်ရေးလုပ်ငန်းတွေ ဆက်ပြီး လုပ်နေတာဟာ မြောက်ကိုရီးယား ရဲ့ နျူကလီယားလက်နက် အစီအစဉ် တစိတ်တပိုင်း အဖြစ်နဲ့ နောင်မှာ နျူကလီယားဖေါက်ခွဲမှုတွေ လုပ်ဖို့ ပြင်ဆင်နေတယ်ဆိုတာကို ပြသနေတယ်လို့ဆိုပါတယ်။

မြောက်ကိုရီးယားအစိုးရဟာ မြေအောက်နျူကလီယားစမ်းသပ်မှုတွေကို ၂၀၀၆ ခုနှစ်နဲ့ ၂၀၀၉ ခုနှစ်တွေမှာ လုပ်ဆောင်ခဲ့တဲ့အပြင် ဒီနှစ် ဖေဖေါ်ဝါရီလထဲမှာလည်း ကုလသမဂ္ဂရဲ့ အရေးယူဒဏ်ခတ်မှုကို တုန့်ပြန်တဲ့အနေနဲ့ တကြိမ်ပြုလုပ်ခဲ့တာပါ။
XS
SM
MD
LG