သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆီးရီးယား အကျဉ်းသားဖလှယ်ရေး အမျိုးသမီး ၆၁ဦး လွတ်မြောက်


ဆီးရီးယား အကျဉ်းသားများ ပြန်လွတ်မြောက်လာစဉ်။
ဆီးရီးယား အကျဉ်းသားများ ပြန်လွတ်မြောက်လာစဉ်။
ဆီးရီးယားမှာ ထိန်းသိမ်းခံထားရတဲ့ အမျိုးသမီး ၆၁ ယောက် ပြန်လွတ်လာတယ်လို့ အခွင့်အရေး လှုပ်ရှားသူတွေက ပြောပါတယ်။ သူပုန်တွေ၊ ကာတာနိုင်ငံ ပါလက်စတိုင်း အာဏာပိုင် အဖွဲ့တို့ ပါဝင် ပတ်သက်နေတဲ့ ရှုပ်ထွေးလှတဲ့ သုံးပွင့်ဆိုင် အကျဉ်းသား လဲလှယ်ရေး အစီအစဉ်နဲ့ အခုလို လွတ်မြောက်လာတာ ဖြစ်ပါတယ်။ အနည်းဆုံး အကျဉ်းသား ၆၇ ယောက် လွတ်မြောက်လာမယ်လို့ ခန့်မှန်းရတဲ့ အကြောင်း ဗြိတိန် အခြေစိုက် ဆီးရီးယား လူ့အခွင့်အရေး စောင့်ကြည့်ရေး အဖွဲ့က ကြာသပတေးနေ့မှာ ပြောဆိုပါတယ်။

ဒီသဘောတူညီချက် အရ ဆိုရင် ဆီးရီးယား သူပုန်တွေက လက်ဘနွန် ရှီရိုက် ၉ ဦးကို လွှတ်ပေးပြီး တချိန်တည်းမှာဘဲ လက်ဘနွန် ရှီးရိုက် တွေကလည်း တူရကီ လေယာဉ်မှူး ၂ ဦးကို ပြန်လွှန်ပေးခဲ့ပါတယ်။ အမျိုးသမီးတွေကို ပြန်လွှတ်ပေးဖို့လည်း ဒီသဘောတူညီချက်မှာ ပါရှိပါတယ်။ ဆီးရီးယား အရာရှိတွေကတော့ ဒီအပေါ်မှာ ဘာမှတ်ချက်မှ မပေးပါဘူး။ ဆီးရီးယား တရားရုံးကလည်း ထင်ရှားတဲ့ ဆီးရီးယား ဘလော့ဂ်ဂါနဲ့ တက်ကြွ လှုပ်ရှားသူ တဦးဖြစ်တဲ့ Tal al-Mallouhi ကို ပြန်လွှတ်ပေးဖို့ အမိန့်ချမှတ်ခဲ့တယ်လို့လည်း ဆီးရီးယား လူ့အခွင့်အရေး စောင့်ကြည့်ရေး အဖွဲ့ကြီးက ပြောပါတယ်။
XS
SM
MD
LG