သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လှေစီးပြေးဒုက္ခသည် ၇၀၀ ကျော် အီတလီရေတပ် ကယ်ခဲ့ရ


အီတလီရေတပ်က ကယ်တင်လိုက်နိုင် တဲ့ လှေစီးပြေးဒုက္ခသည်။ ( Italy, Oct. 25, 2013. AP)
အီတလီရေတပ်က ကယ်တင်လိုက်နိုင် တဲ့ လှေစီးပြေးဒုက္ခသည်။ ( Italy, Oct. 25, 2013. AP)
ဥရောပသမဂ္ဂ ထိပ်သီးဆွေးနွေးပွဲမှာ ဒုက္ခသည် ခိုးဝင်တဲ့ပြဿနာ အဖြေမရ ခဲ့ပေမဲ့ အီတလီနိုင်ငံကတော့ လောလောဆယ် လှေစီးပြေးဒုက္ခသည် ၇၀၀ ကျော် ကို ကယ်တင်ပေးခဲ့ရပါတယ်။ ဒီအပတ်ထဲ၂ ရက်တာကျင်းပတဲ့ ဥရောပသမဂ္ဂ ထိပ်သီးဆွေးနွေးပွဲအပြီးမှာ ဥရောပသမဂ္ဂ အနေနဲ့ မြောက်အာဖရိကဖက်ကနေ လှေစီးခိုးဝင်လာတဲ့ ဒုက္ခသည်ထောင်ပေါင်း များစွာပြဿနာကို ဖြေရှင်းဖို့ဆွေးနွေးခဲ့စဉ်မှာပဲ အခုလို ဒုက္ခသည်တွေ ထပ်ဝင်လာခဲ့တာပါ။

မြေထဲပင်လယ်ထဲမှာ မျောနေခဲ့တဲ့ ဒီလှေစီး ဒုက္ခသည်တွေကို အီတလီရေတပ်နဲ့ ကမ်းရိုးတန်းစောင့်တပ်က မနေ့သောကြာနေ့ အစောပိုင်းမှာ ကယ်တင်ခဲ့ရတယ် လို့ အီတလီအာဏာပိုင်တွေက ပြောပါတယ်။ ဒီအထဲမှာ ကလေးငယ်ပေါင်း ၆၀ ကျော်နဲ့ ကိုယ်ဝန်သည်မိခင် ၁၅ ယောက်ကျော်ပါဝင်ပါတယ်။

ဗုဒ္ဓဟူးနေ့က ကျင်းပခဲ့တဲ့ ဥရောပသမဂ္ဂ ထိပ်သီးဆွေးနွေးပွဲ ကလှေစီးပြေးဒုက္ခသည် ပြဿနာကို ဆက်ဖြေရှင်းဖို့ နောက်လာမဲ့ ဒီဇင်ဘာ ထိပ်သီးဆွေးနွေးပွဲကို ရွေ.ဆိုင်းလိုက်တယ်လို့ ဥရောပကောင်စီ ဥက္ကဌ Herman Van Rompuy ကထုတ်ပြောခဲ့ပါတယ်။

အခုလိုဆွေးနွေးရာမှာ ဒီလဆန်းပိုင်းက အီတလီကမ်းရိုးတန်းနား လေမှောက်ပြီး Eritria နုင်ငံသားအမျာစုပါတဲ့ လူပေါင်း ၃၀၀ ကျော်သေဆုံးခဲ့ရအပြီး၊ ဖွဲ့စည်းခဲ့တဲ ဥရောပသမဂ္ဂရဲ့ ရွှေပြောင်းလုပ်သားများဆိုင်ရာ အရေးပေါ်လုပ်ငန်း အဖွဲ့က တွေ့ရှိချက်တွေအပေါ်မူတည် ဆောင်ရွက်မှာဖြစ်တယ်လို့ Mr. Rompuy က ဆက်ပြောခဲ့ပါတယ်။

ဒီလဆန်းလှေမှောက်မှုတုံးကလည်း အီတလီရေတပ် အနေနဲ့ လှေစီးပြေး ဒုက္ခသည် ၄၀၀ လောက်ကို ကယ်တင်ပေးခဲ့ရပါသေးတယ်။ ဆီးရီးယားနိုင်ငံနဲ့ အာဖရိက ဦးချိုဒေသတွေမှာ လူ့အခွင့်ရေးအခြေနေ တနေ့တခြား ဆိုးဝါးလာနေတာမို့ ဥရောပကို ခိုလှုံဖို့ ထွက်ပြေးလာကြသူတွေဟာ အီတလီနိုင်ငံ Lampedusa ကျွန်းစုတဝိုက်ကို ဦးတည် ထွက်ပြေးလာနေကြတာဖြစ်ပါတယ်။
XS
SM
MD
LG