သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆီးရီးယား ငြိမ်းချမ်းရေးညီလာခံ အီရန်ပါဝင်ရေး ကုလကိုယ်စားလှယ်အကြံပြု


အီရန်နိုင်ငံခြားရေးဝန်ကြီး Mohammad Javad Zarif (ယာ)နဲ့ ကုလသမဂ္ဂနဲ့ အာရပ်အဖွဲ့ချုပ်ကိုယ်စားလှယ် တို့ တွေ့ဆုံစဉ်။ (အောက်တိုဘာ ၂၆၊ ၂၀၁၃)
အီရန်နိုင်ငံခြားရေးဝန်ကြီး Mohammad Javad Zarif (ယာ)နဲ့ ကုလသမဂ္ဂနဲ့ အာရပ်အဖွဲ့ချုပ်ကိုယ်စားလှယ် တို့ တွေ့ဆုံစဉ်။ (အောက်တိုဘာ ၂၆၊ ၂၀၁၃)
Switzerland နိုင်ငံ Geneva မြို့မှာ ရှေ့လကျင်းပမဲ့ ငြိမ်းချမ်းရေး ညီလာခံကို တက်ဖို့ အီရန်နိုင်ငံကို ဖိတ်သင့်တယ်လို့ ဆီးရီးယားဆိုင်ရာ ကုလသမဂ္ဂနဲ့ အာရပ်အဖွဲ့ချုပ်ကိုယ်စားလှယ် Lakhdar Brahimi က ပြောလိုက်ပါတယ်။

Geneva Two လို့ခေါ်နေကြတဲ့ ညီလာခံမှာ အီရန်ပါဝင်ရေးဟာ သဘာဝကျပြီး လိုအပ်တယ်လို့ တဟီရန်မြို့တော်မှာ စနေနေ့ကလုပ်ခဲ့တဲ့ သတင်းစာ ရှင်းပွဲမှာ မစ္စတာ Brahimi ကပြောခဲ့ပါတယ်။ ညီလာခံကို အီရန်တက်သင့်တယ်လို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်းရော အာရပ်အဖွဲ့ချုပ် အတွင်းရေးမှူးချုပ် Nabil el-Araby ပါ ယုံကြည်တယ်လို့ မစ္စတာ Brahimi ကပြောပါတယ်။

အီရန်နိုင်ငံခြားရေးဝန်ကြီး Mohammad Javad Zarif နဲ့တွေ့ဆုံအပြီးမှာ သူကခုလို ပြောခဲ့တာလည်း ဖြစ်ပါတယ်။ ဆီးရီးယားမှာဖြစ်နေတဲ့ ပြဿနာကို သံတမန်ရေးနည်းနဲ့ ဖြေရှင်းဖို့ အီရန်က လိုလားတယ်လို့ အီရန်နိုင်ငံခြားရေး ဝန်ကြီးက ပြောပါတယ်။

အီရန်ဟာ ဆီးရီးယားသမ္မတ Bashar al-Assad ရဲ့ အဓိက မဟာမိတ် နိုင်ငံတခုဖြစ်ပါတယ်။

ဆီးရီးယားအသွင်ကူးပြောင်းရေးကာလ အစိုးရထူထောင်ဖို့နဲ့ ဒီမိုကရေစီ နည်းလမ်းကျ ရွေးကောက်ပွဲတွေလုပ်နိုင်ဖို့ ရည်ရွယ်ချက်နဲ့ကျင်းပမယ့် Geneva Two ညီလာခံအပေါ် ထောက်ခံမှုရနိုင်ဖို့ မစ္စတာ Brahima ဟာ ဒေသတွင်းနိုင်ငံတွေကို ခရီးလှည့်လည်နေတာဖြစ်ပါတယ်။
XS
SM
MD
LG