သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပါကစ္စတန်အစိုးရနဲ့ တာလီဘန် ဆွေးနွေးနေပြီ


တာလီဘန်အဖွဲ့ဝင်များ (အောက်တိုဘာ ၃၁၊ ၂၀၁၃)
တာလီဘန်အဖွဲ့ဝင်များ (အောက်တိုဘာ ၃၁၊ ၂၀၁၃)
ပါကစ္စတန်ဝန်ကြီးချုပ် Nawaz Sharif က ပါကစ္စတန်တာလီဘန်တွေနဲ့ စတင်ဆွေးနွေးနေပြီလို့ပြောဆိုလိုက်ပါတယ်။ ဗြိတိန်နိုင်ငံကို ရောက်ရှိနေတဲ့ ပါကစ္စတန်ဝန်ကြီးချုပ် Nawaz Sharif က ဗြိတိန်ဒုဝန်ကြီးချုပ် Nick Clegg နဲ့ လန်ဒန်မြို့မှာကြာသပတေးနေ့ကတွေ့ဆုံစဉ် အခုလိုပြောဆိုလိုက်တာပါ။ လန်ဒန်မြို့ရှိ ပါကစ္စတန်သံရုံးကလည်း ပါကစ္စတန်တာလီဘန်တွေနဲ့ စတင်ဆွေးနွေးနေတဲ့အကြောင်း သတင်း ထုတ်ပြန်လိုက်ပါတယ်။

ပါကစ္စတန်ရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေဘောင်အတွင်းက တာလီဘန်တွေနဲ့ဆွေးနွေးမှာဖြစ်တယ်လို့ဆိုပေမဲ့ အသေးစိတ်ကို ထုတ်ဖေါ် ပြောဆိုခြင်းမရှိပါဘူး။

ပါကစ္စတန်တာလီဘန်တွေကတော့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပွင့်ပွင့်လင်းလင်းဝေဖန်နေပြီး၊ ပိုပြီးတင်းကျပ်တဲ့ အစ္စလာမစ် ဥပဒေကို ပြဌာန်းဖို့ တောင်းဆိုနေပါတယ်။

ဒီနှစ်ပိုင်းတွေအတွင်း ပါကစ္စတန်မှာ လူထောင်နဲ့ချီသေဆုံးခဲ့တဲ့ အစွန်းရောက် အကြမ်းဖက်တိုက်ခိုက်တာတွေ မကြာခဏဖြစ်နေပြီး အဲဒီတိုက်ခိုက်မှု အများစုကို တာလီဘန်တွေက သူတို့ လုပ်တာပါလို့ ကြေညာထားပါတယ်။
XS
SM
MD
LG