သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လော့စ်အန်ဂျလိစ် နိုင်ငံတကာ လေဆိပ် ပစ်ခတ်မှု လူတဦးသေဆုံး


လော့စ်အန်ဂျလိစ် နိုင်ငံတကာလေဆိပ်ကို လုံခြုံရေး တင်းတင်းကျပ်ကျပ် ချထားစဉ်။ (နိုဝင်ဘာလ ၁၊ ၂၀၁၃)
လော့စ်အန်ဂျလိစ် နိုင်ငံတကာလေဆိပ်ကို လုံခြုံရေး တင်းတင်းကျပ်ကျပ် ချထားစဉ်။ (နိုဝင်ဘာလ ၁၊ ၂၀၁၃)
ကယ်လီဖိုးနီးယားပြည်နယ် လော့စ်အန်ဂျလိစ် မြို့နိုင်ငံတကာလေဆိပ်မှာ မနေ့က သောကြာနေ့တုန်းက မောင်းပြန်ရိုင်ဖယ်သေနတ် ကိုင်ဆောင် လာတဲ့ သေနတ်သမားတဦးရဲ့ ပစ်ခတ်မှုကြောင့် လူတဦးသေဆုံးခဲ့ပြီး အချို့ဒဏ်ရာရခဲ့ပါတယ်။

သေနတ်သမားဟာ အသက် ၂၃နှစ်အရွယ် Paul Ciancia ဖြစ်တယ်လို့ ရဲအရာရှိတွေကပြောပါတယ်။ လုံခြုံရေးစစ်ဆေးဖို့စောင့်တဲ့နေရာက အတားအဆီးကို ဖြတ်ပြီး ဆက်တိုက် ပစ်ခတ်ခဲ့တာဖြစ်တယ်လို့ ရဲ အရာရှိတွေကပြောပါတယ်။ အဲဒီ့နောက်မှာတော့ သေနတ်သမားကို ရဲတွေဘက် က ပြန်လည်ပစ်ခတ်ပြီး ဖမ်းဆီးခဲ့ပါတယ်။

သေဆုံးသူဘယ်သူဆိုတာကိုတော့ အာဏာပိုင်တွေက ထုတ်ဖော်ခြင်း မရှိသေးပေမဲ့ အမေရိကန် သတင်းမီဒီယာတွေ ကတော့ သေဆုံးသူဟာ လေယာဉ်ကွင်း လုံခြုံရေးတာဝန်ခံ တဦးဖြစ်တယ်လို့ဆိုပါတယ်။ ပစ်ခတ်မှုအတွင်း လူ၇ဦး ဒဏ်ရာရခဲ့တယ်လို့ တာဝန်ရှိသူတွေက ဆိုပါတယ်။

သေနတ်သမားကို ဖမ်းဆီးခဲ့ပြီဖြစ်ပေမယ့် ဘာရည်ရွယ်ချက်နဲ့ အခုလို ပစ်ခတ်ခဲ့တယ်ဆိုတဲ့ အသေးစိတ်ကိုတော့ မသိရသေးဘူးလို့ ရဲအရာရှိတွေကပြောပါတယ်။ အခင်းဖြစ်ပွားစဉ်အတွင်း လေဆိပ်ဝင်းထဲကို ရဲတွေ ဝန်းရံထားခဲ့ပြီး လေဆိပ် Terminal တခုမှာ ခရီးသွားတွေကို ဘေးကင်းရာကို ပြေးကြပြီး ထွက်ခွာမယ့် လေယာဉ်တွေလည်း ယာယီရပ်တန့်သွားခဲ့ပါတယ်။ ပစ်ခတ်မှုဖြစ်ပွားပြီး နာရီပိုင်းအကြာမှာ အခြေအနေတွေ တည်ငြိမ်သွားပြီလို့ တာဝန်ရှိသူတွေက ကြေငြာခဲ့ပါတယ်။
XS
SM
MD
LG