သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လှေစီးပြေးဒုက္ခသည် အရေး ဒေသတွင်း ပူးပေါင်းဆောင်ရွက်ဖို့ ကုလ တိုက်တွန်း


ထိုင်းတောင်ပိုင်း ဖူးခက်မြို့တွင် ထိုင်းအာဏာပိုင်တွေရဲ့ ထိန်းသိမ်းခြင်းခံရတဲ့ ရိုဟင်ဂျာလှေစီးပြေးဒုက္ခသည်များ (ဇန်နဝါရီ ၁၊ ၂၀၁၃)
ထိုင်းတောင်ပိုင်း ဖူးခက်မြို့တွင် ထိုင်းအာဏာပိုင်တွေရဲ့ ထိန်းသိမ်းခြင်းခံရတဲ့ ရိုဟင်ဂျာလှေစီးပြေးဒုက္ခသည်များ (ဇန်နဝါရီ ၁၊ ၂၀၁၃)
ဘင်္ဂလားပင်လယ်အော်ရဲ့ နှစ်စဉ်သင်္ဘောတွေထွက်တဲ့ ဒီလိုဆောင်းဦးပေါက် ရာသီမှာ ရခိုင်ပြည်နယ်ကနေ ထောင်နဲ့ချီတဲ့ လှေစီးပြေး ဒုက္ခသည်တွေ စတင်ထွက်ခွာနေကြပြီလို့ UNHCR ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီးရုံး က ပြောဆိုလိုက်ပါတယ်။ ပြီးခဲ့တဲ့သီတင်းပတ်ထဲ မှာဘဲ ရခိုင်ပြည်နယ်မြောက်ပိုင်း ကနေ လှေစီးပြေးဒုက္ခသည် ၁၅၀၀ ကျော် စက်လှေတွေနဲ့ ထွက်ပြေးခဲ့ကြပြီး တချို့ ကမ်းလွန်ပင်လယ်ပြင် မှာလှေမှောက်သေဆုံးခဲ့ရတယ်လို့ UNHCR က သတင်း ထုတ်ပြန်လိုက်တဲ့ အကြောင်း ကုလသမဂ္ဂရဲ့ သောကြာနေ့က နေ့စဉ်ပုံမှန်သတင်းစာရှင်းလင်းပွဲမှာ အတွင်းရေးမှူးချုပ်ရဲ့ ပြောခွင့်ရသူ Martin Nesirky ကပြောဆိုသွားတာပါ။

ရခိုင်ပြည်နယ်မှာ မနှစ်က ဇွန်လအတွင်း လူမျိုးရေးနဲ့ ဘာသာရေး အသွင်ဆောင်တဲ့အကြမ်းဖက်မှုတွေ ဖြစ်ပွားခဲ့ပြီး နောက်ပိုင်း လှေစီးပြေးဒုက္ခသည်တွေတိုးလာတဲ့ပြဿနာနဲ့ ပတ်သက်ပြီး UNHCR က သတိပေးလိုက်တဲ့အကြောင်း Mr. Nesirky ကအခုလိုပြောဆိုလိုက်ပါတယ်။

လှေစီးပြေးဒုက္ခသည်တွေလျော့ပါးအောင် မြန်မာအစိုးရနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ ရခိုင်ပြည်နယ်မှာ စီးပွားရေးဖွံ့ဖြိုးဖို့နဲ့ ပြန်လည်သင့်မြတ်ရေးအတွက် တိုးပြီးကြိုးပမ်းကြဖို့ လိုအပ်တယ်လို့ UNHCR က ယုံကြည်တယ်လို့ပြောဆိုလိုက်တာပါ။"

မိုးရာသီကုန်ဆုံးတဲ့ အခုလိုဆောင်းဦးပေါက်မှာ လှေစီးပြေး ဒုက္ခသည် အရေအတွက် တိုးလာတာနဲ့အမျှ လူကုန်ကူးသူတွေ ရဲ့ ခေါင်းပုံဖြတ်မယ့် အန္တရာယ်နဲ့လည်း ရင်ဆိုင်ရနိုင်တယ်လို့ဆိုပါတယ်။ ပင်လယ်ထဲလှေမှောက်သေဆုံးရတဲ့အဖြစ်တွေနဲ့ လူကုန်ကူးခံရမယ့်အရေးက ကာကွယ်ဖို့ ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှုကလည်း အထူးအရေးပါတယ်လို့ UNHCR ရဲ့ ထုတ်ပြန်ချက်မှာဖေါ်ပြထားပါတယ်။
XS
SM
MD
LG