သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပါလက်စတိုင်းခေါင်းဆောင် အာရာဖတ် အဆိပ်ကြောင့် သေဆုံးခဲ့


ကွယ်လွန်သူ ပါလက်စတိုင်းခေါင်းဆောင် Yasser Arafat
ကွယ်လွန်သူ ပါလက်စတိုင်းခေါင်းဆောင် Yasser Arafat
လွန်ခဲ့တဲ့ ကိုးနှစ်ကျော်က ကွယ်လွန်သူ ပါလက်စတိုင်းခေါင်းဆောင် Yasser Arafat သေဆုံးမှုဟာ ရေဒီယိုသတ္တိကြွ polonium အဆိပ်ထိုးပြီး အသတ်ခံခဲ့ရတာဖြစ်ပြီး ဒီလောက် အဆိပ်ပဏမမြင့်မားမှုဆိုတာ မတော်တဆဖြစ်စရာ မရှိဘူးလို့ ဆွစ်ဆလန်က မူခင်းသိပ္ပံစစ်ဆေးရေးမှူး
က အတည်ပြုပြောဆိုလိုက်ပါတယ်။ မစ္စတာ Arafat ရဲ့ ကြွင်းကျန်တဲ့ အလောင်း၊ ပဲရစ်ဆေးရုံမှာ သူမသေခင် ရက်တွေမှာ ဝတ်ဆင်ခဲ့တဲ့ သူ့အောက်ခံဝတ်အစားတွေနဲ့ သူနဲ့အတူရှိနေခဲ့တဲ့ ခရီးဆောင်အိတ်ကို ဓာတ်ခွဲခန်းမှူးက စစ်ဆေးကြည့်တဲ့အခါ ရေဒီယို သတ္တိကြွဓာတ်တွေဟာ ရှိသင့်တဲ့ ပဏမထက် များနေတာကို တွေ့ရှိခဲ့တာဖြစ်ပါတယ်။

ကြာသပတေးနေ့က သတင်းထောက်တွေကို ဆွစ် မူခင်းသိပ္ပံစစ်ဆေးရေးမှူး
ကပြောဆိုရာမှာတော့ အာရာဖတ် အဓိကသေဆုံးခဲ့ရတာက အခုစစ်ဆေးတွေ့ရှိတဲ့ ဒီ polonium ရေဒီယို သတ္တိဓာတ်တွေကြောင့် ဆိုတာ တထစ်ချမပြောနိုင်ပေမဲ့ အသက် ၇၅နှစ်အရွယ် ပါလက်စတိုင်းခေါင်းဆောင်ဟောင်း အာရာဖတ် အဆိပ်ခတ် သေဆုံးမှုမှာ ဒီရေဒီယိုသတ္တိဓာတ်ပမာဏာမြင့်မားစွာပါဝင်တယ်ဆိုတဲ့ စစ်ဆေးတွေ့ရှိချက်က အထောက်အကူဖြစ်စေတယ်လို့ဆိုပါတယ်။

ပြင်သစ်နဲ့ ရုရှနိုင်ငံက သိပ္ပံဓာတ်ခွဲစမ်းသပ်ရေးမှူးတွေကလည်း ၂၀၁၂ခုနှစ်တုန်းက မစ္စတာအာရာဖတ်ရဲ့ ရုပ်အလောင်းက အသားစနမူနာတွေကို ယူစစ်ဆေးခဲ့ပါသေးတယ်။ ရုရှဘက်ကတော့ polonium ကို ရှာမတွေ့ခဲ့ဘူးဆိုပါတယ်။ ဒါပေမဲ့ ပြင်သစ်ဓာတ်ခွဲစမ်းသပ်မှုကတော့ အခုလောလောဆယ် အဖြေမထွက်လာသေးပါဘူး။
XS
SM
MD
LG