သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အလုပ်ခွင် လိင်ခွဲခြားဆက်ဆံမှု တားမြစ်ရေး အထက်လွှတ်တော် အတည်ပြု


လိင်တူနှစ်သက်သူများ။
လိင်တူနှစ်သက်သူများ။
အမေရိကန်ပြည်ထောင်စုတွင်း လိင်ပိုင်းဆိုင်ရာအပေါ် အခြေခံပြီး အလုပ်ခွင် ခွဲခြားဆက်ဆံမှုကိုတားမြစ်တဲ့ လိင်တူနှစ်သက်သူများဆိုင်ရာ အခွင့်အရေး ဥပဒေကြမ်းကို အမေရိကန်အထက်လွှတ်တော်ကနေ အတည်ပြုပေးလိုက်ပါတယ်။ ဒါဟာဆိုရင် လူမှုရေးဆိုင်ရာကိစ္စရပ်တွေထဲ အဓိကကျတဲ့အချက်တခုကို ပါတီနှစ်ရပ်ကြား ရှားရှားပါးပါး သဘောတူညီမှုရလိုက်တာပါ။

ENDA လို့ခေါ်တဲ့ အလုပ်ခွင် ခွဲခြားဆက်ဆံမှုမပြုရေး ဥပဒေကို အထက်လွှတ်တော်ကနေ ၆၄ မဲ ၃၂ မဲနဲ့ အတည်ပြုခဲ့ပြီး၊ အခု ဒီ ဥပဒေကြမ်းဟာ ရီပတ်ပလင်ကန်တွေထိန်းချုပ်တဲ့ အောက်လွှတ်တော်ကို ရောက်သွားပါပြီ။ အောက်လွှတ်တော်မှာတော့ ဒီ ဥပဒေကြမ်း အတည်ပြုဖို့ အတော်လေး ခက်ခဲမယ့်အခြေအနေတော့ ရှိပါတယ်။

ဒီဥပဒေကြမ်းဟာ အလုပ်အကိုင်သစ်ဖန်တီးရေးကို ထိခိုက်စေပြီး၊ အလုပ်ခွင်အတွင်း အရေးမပါတဲ့ တရားစွဲဆိုမှုတွေကိုလည်း အားပေး အားမြောက်ပြုရာ ရောက်လိမ့်မယ်ဆိုပြီး သူ့အနေနဲ့ ဒါကို ကန့်ကွက်သွားမှာဖြစ်တယ်လို့ အောက်လွှတ်တော်ဥက္ကဌ ဂျွန်ဘေနာက က အကြိမ်ကြိမ် ပြောဆိုပြီးသားပါ။

အခုလို အထက်လွှတ်တော်က အတည်ပြုပေးလိုက်တဲ့ ဒီ ဥပဒေကြမ်းကြောင့် အမေရိကန်ပြည်ထောင်စုတွင်းမှာ လိင်တူနှစ်သက်သူတွေအတွက် အခွင့်အရေးဟာ ဒီသီတင်းပတ်အတွင်း အာရုံထားစရာဖြစ်လာပါတယ်။ အင်္ဂါနေ့တုန်းကတော့ Illinois ပြည်နယ်လွှတ်တော်ကလည်း လိင်တူနှစ်သက်တူခြင်း ထိမ်းမြား လက်ထပ်နိုင်တဲ့ အခွင့်အရေးကို အတည်ပြုပေးခဲ့ပါတယ်။ ဒါဟာဆိုရင် အမေရိကန်ပြည်ထောင်စုမှာ လိင်တူအခွင့်အရေးကို လက်ခံလိုက်တဲ့ ၁၅ ခု မြောက် ပြည်နယ်ဖြစ်ပါတယ်။ Illinois အုပ်ချုပ်ရေးမှုးကလည်း ဒီ ဥပဒေကို သူလက်မှတ်ထိုး အတည်ပြုပေးဖို့လို့ ဂတိပေးထားပါတယ်။
XS
SM
MD
LG