သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ယူကရိန်းသမ္မတနုတ်ထွက်ဖို့ သိန်းနဲ့ချီဆန္ဒပြ


ယူကရိန်းနိုင်ငံ၊ Kyiv မြို့က Maidan Nezalezhnosti လို့ခေါ်တဲ့ လွတ်လပ်ရေးရင်ပြင်မှာ သမ္မတနုတ်ထွက်ရေးတောင်းဆိုနေသူများ။ (ဒီဇင်ဘာ ၁၊ ၂၀၁၃)
ယူကရိန်းနိုင်ငံ၊ Kyiv မြို့က Maidan Nezalezhnosti လို့ခေါ်တဲ့ လွတ်လပ်ရေးရင်ပြင်မှာ သမ္မတနုတ်ထွက်ရေးတောင်းဆိုနေသူများ။ (ဒီဇင်ဘာ ၁၊ ၂၀၁၃)
ယူကရိန်းနိုင်ငံမှာ သမ္မတက ဥရောပသမဂ္ဂ EU နဲ့ လွတ်လပ်စွာ ကုန်သွယ်ခွင့် သဘောတူလက်မှတ်ရေးထိုးဖို့ ငြင်းဆိုခဲ့တာအပေါ်မှာ ဒေါသထွက်ပြီးတော့ လူထောင်ပေါင်းများစွာ Kyiv မြို့တော်က လမ်းတွေပေါ်မှာ ဒီကနေ့ ချီတက်ဆန္ဒပြခဲ့ကြပါတယ်။

ဆန္ဒမပြရ-လို့ အစိုးရကတားမြစ်ထားတာကို အာခံပြီးတော့ ဆန္ဒပြသူ ခန့်မှန်းခြေ ၁၀၀,၀၀၀ လောက် Kyiv မြို့တော်ဆီကို လာပြီးတော့ စုဝေးခဲ့ကြတာ ဖြစ်ပါတယ်။ သီတင်းတပတ်လောက် နေ့စဉ်ဆန္ဒပြနေကြတာမှာ ဒီတနင်္ဂနွေမှာ လူအများဆုံး ပါဝင်လာတာပါ။

သမ္မတဗစ်တာ ယဲန်နူကိုဗစ်ချ် (Viktor Yanukovych) က ယူကရိန်းနိုင်ငံအနေနဲ့ ရုရှားနဲ့နီးကပ်တဲ့ဆက်ဆံရေးကို ထိခိုက်ခံလို့မဖြစ်ဘူးလို့ ပြောပြီးတော့ EU နဲ့စာချုပ် ချုပ်ဖို့ ပြီးခဲ့တဲ့သီတင်းပတ်ကပဲ ငြင်းဆိုဖို့ ဆုံးဖြတ်ခဲ့တာပါ။

ပြီးခဲ့တဲ့သောကြာနေ့ လစ်ယူရေးရီးယားနိုင်ငံ၊ Vilnius မြို့တော်က EU ထိပ်သီး ဆွေးနွေးပွဲမှာ သဘောတူလက်မှတ် ရေးထိုးဖို့ စီစဉ်ထားတဲ့ အဲဒီနေ့မှာပဲ ယူကရိန်းသမ္မတရဲ့ အဲဒီဆုံးဖြတ်ချက်ကို ပြန်ပြီးတော့ ပြောခဲ့ကြပါတယ်။ အဲဒီကတည်းကစပြီးတော့ သမ္မတ ရာထူးက နုတ်ထွက်ပေးဖို့ တောင်းဆိုတဲ့ ဆန္ဒပြပွဲတွေ ယူကရိန်းနိုင်ငံမှာ အရှိန်မြင့်လာတာ ဖြစ်ပါတယ်။
XS
SM
MD
LG