သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီဂျစ်ဆန္ဒပြဇာတ်ကား မှတ်တမ်းရုပ်ရှင်ဆုရ


ွှThe Square မှတ်တမ်းတင်ဇာတ်လမ်း ရိုက်ကူးခဲ့သူ အီဂျစ်နွယ်ဖွား၊ အမေရိကန်နိုင်ငံသား ဒါရိုက်တာ Jehane Noujaim။
ွှThe Square မှတ်တမ်းတင်ဇာတ်လမ်း ရိုက်ကူးခဲ့သူ အီဂျစ်နွယ်ဖွား၊ အမေရိကန်နိုင်ငံသား ဒါရိုက်တာ Jehane Noujaim။
အီဂျစ်နိုင်ငံ၊ ကိုင်ရိုမြို့တော်၊ Tharir ရင်ပြင်မှာ ဆန္ဒပြသူတွေအကြောင်းကို ရိုက်ကူးထားတဲ့ မှတ်တမ်းတင်ဇာတ်ကားဟာ ၂၀၁၃ ခုနှစ်အတွက် အကောင်းဆုံးမှတ်တမ်းတင် ရုပ်ရှင်ဇာတ်လမ်းဆုကို ဆွတ်ခူးသွားပါတယ်။

၂၀၁၁ ခုနှစ်က အီဂျစ်သမ္မတ ဟော်စနီ မူဘာရက်ကို ဖြုတ်ချခဲ့တဲ့ ဆန္ဒပြပွဲတွေမှာ ပါဝင်ခဲ့ကြသူတွေနဲ့အတူ လိုက်ပါပြီးတော့ ရိုက်ကူးထားတဲ့ The Square မှတ်တမ်းတင် ရုပ်ရှင်ဇာတ်လမ်းကို အပြည်ပြည်ဆိုင်ရာ မှတ်တမ်းတင်ရုပ်ရှင် ဇာတ်လမ်းအသင်း IDA က သောကြာနေ့မှာ ဆုချီးမြှင့်လိုက်တာပါ။

အီဂျစ်နွယ်ဖွား၊ အမေရိကန်နိုင်ငံသား ဒါရိုက်တာ Jehane Noujaim ရိုက်ကူးတဲ့ အဲဒီဇာတ်လမ်းဟာ တိုရွန်တိုနဲ့ Sundance ရုပ်ရှင်ပြပွဲတွေမှာ မှတ်တမ်းတင် ဂုဏ်ပြုခံခဲ့ရပြီးတဲ့နောက် IDA ကလည်း အခုလို ဆုချီးမြှင့်တာပါ။ ဒါကြောင့်လည်း အော်စကာဆု စာရင်းဝင်နေပြီဖြစ်တဲ့ ဒီဇာတ်ကားဟာ ဆုချိတ်ဖို့ လူကြိုက်များနေပါပြီ။

ပြီးခဲ့တဲ့လတုန်းကလည်း အွန်လိုင်းကနေ ရုပ်ရှင်ဇာတ်လမ်းတွေ ငှားရမ်းပြသတဲ့ Netflix ကုမ္ပဏီက The Square ကို သူတို့ဆီကနေ ပြသဖို့ ဝယ်ယူခဲ့တာကြောင့် သမိုင်းဝင်ခဲ့ပါသေးတယ်။

ခေါင်းဆောင်တွေနဲ့ အုပ်ချုပ်သူတွေကို အန်တုရင်ဆိုင်ပြီး ဒီမိုကရေစီနည်းကျ လူ့အဖွဲ့အစည်းအသစ်တစ်ခု တည်ဆောက်ဖို့အတွက် အသက်အန္တရာယ်ကို အမှုမထားဘဲ ကြိုးစားခဲ့ကြတဲ့ ဆန္ဒပြလှုပ်ရှားသူတချို့နဲ့ လိုက်ပါပြီး The Squre ဇာတ်လမ်းကို ရိုက်ကူးထားတာပါ။
XS
SM
MD
LG