သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မန်ဒဲလားအောင့်မေ့ဖွယ်အခမ်းအနား ကမ္ဘာ့ခေါင်းဆောင် ၈၀ ကျော် တက်မည်


အသက် ၉၅ နှစ်အရွယ်နဲ့ ကွယ်လွန်သွားပြီဖြစ်တဲ့ အသားအရောင်ခွဲခြားမှုဆန့်ကျင်ရေး လှုပ်ရှားမှု ခေါင်းဆောင် နယ်ဆင် မန်ဒဲလားအတွက် အင်္ဂါနေ့ အောင့်မေ့ဖွယ်အခမ်းအနားကို တတ်ရောက်ဖို့ ကမ္ဘာအဝှမ်းက ခေါင်းဆောင်တွေ တောင်အာဖရိကနိုင်ငံကို သွားရောက်နေကြပါပြီ။

အမေရိကန်သမ္မတ ဘရက်ခ်အိုဘားမားနဲ့ ဇနီးဖြစ်သူ မစ်ရဲှလ် အိုဘားမား
တို့ဟာ တနင်းလာနေ့က မနက်ပိုင်းက ဝါရှင်တန်ဒီစီကနေ ထွက်ခွာသွားကြပါပြီ။ သူနဲ့အတူ သမ္မတဟောင်း ဂျော့ ဒဗလျူဘွတ်ရ်ှနဲ့ ဇနီးသည် လော်ရာတို့လည်း အတူ ပါဝင်ခဲ့ကြပါတယ်။ သမ္မတဟောင်း Bill Clinton နဲ့ Jimmer Carter တို့ဟာလည်း တောင်အာဖရိကနိုင်ငံ Johannesburg မြို့ကို သီးခြားထွက်ခွာသွားကြပါပြီ။ မစ္စတာ မန်ဒဲလားရဲ့ ဈာပနအခမ်းအနားကိုတော့ ၂၀၁၀ ခုနှစ် ကမ္ဘာ့ဖလားဘောလုံးပွဲကျင်းပတဲ့နေရာဖြစ်တဲ့ Johannesburg က ဘောလုံးအားကစားရုံအတွင်းမှာ ပြုလုပ်မှာဖြစ်ပါတယ်။

မစ္စတာမန်ဒဲလားကို ဂုဏ်ပြုဖို့ ကမ္ဘာအဝှမ်းမှာရှိတဲ့ နိုင်ငံအကြီးအကဲတွေ၊ အစိုးရအဆင့်မြင့် တာဝန်ရှိသူတွေ၊ တော်ဝင်မိသားစုဝင်တွေ စုစုပေါင်း ကမ္ဘာခေါင်းဆောင်၈၀ ကျော်တတ်ရောက်ဖွယ်ရှိတယ်လို့ တောင်အာဖရိက
ကြေညာပါတယ်။

မစ္စတာမန်ဒဲလားဟာ တောင်အာဖရိကနိုင်ငံမှာ အသားအရောင်ခွဲခြားရေးဆန့်ကျင်လှုပ်ရှားမှုကို ဦးဆောင်ခဲ့တာကြောင့် ထောင်ထဲမှာ ၂၇ နှစ်ကြာ နေထိုင်ခဲ့ရပါတယ်။ သူထောင်ကထွက်လာပြီးတဲ့နောက် သူဟာ တောင်အာဖရိကနိုင်ငံရဲ့ ပထမဆုံး လူမဲ သမ္မတဖြစ်လာခဲ့တာပါ။

အခု သူ့ဈာပနအခမ်းအနားကို နိုင်ငံတကာကခေါင်းဆောင်တွေ တတ်ရောက်မှာမို့ လုံခြုံရေးကိုလည်း အထူးတင်းကြပ်ထားပါတယ်။ လူပေါင်း ရှစ်သောင်းလောက် တတ်ရောက်မယ်လို့ မျှော်မှန်းထားတဲ့ အဲဒီ အောင့်မေ့ဖွယ်အခမ်းအနားမှာ အမေရိကန်သမ္မတအိုဘားမားလည်း မိန့်ခွန်းပြောမယ်လို့ မျှော်လင့်ရပါတယ်။ မစ္စတာမန်ဒဲလားရဲ့ဈာပနကို တတ်ရောက်ဖို့ စီစဉ်ထားသူတွေအထဲမှာတော့ ဗြိတိန် ဝန်ကြီးချုပ် David Cameron ပြင်သစ်သမ္မတ Francois Hollande ဘရားဇီးသမ္မတ Dilma Roussef ကျူးဘား သမ္မတ Raul Castro နဲ့ ကုလသမဂ္ဂ အတွင်းရေးမှုးချုပ် ဘန်ကီမွန်းတို့လည်း ပါဝင်ကြပါတယ်။
XS
SM
MD
LG