သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘင်္ဂလား အတိုက်အခံ ခေါင်းဆောင် သေဒဏ် စီရင်ခံရမှု မီးရှို့ဆန္ဒပြ


ဘင်္ဂလားနိုင်ငံက မီးရှို့ဆန္ဒပြမှုများဖြစ်ပွား (ဒီဇင်ဘာ ၁၃၊ ၂၀၁၃)
ဘင်္ဂလားနိုင်ငံက မီးရှို့ဆန္ဒပြမှုများဖြစ်ပွား (ဒီဇင်ဘာ ၁၃၊ ၂၀၁၃)
ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ စစ်အတွင်း ကျူးလွန်တဲ့ ရာဇဝတ်မှုတွေအတွက် အပြစ်ရှိကြောင်း ဆုံးဖြတ်ပြီး အခုနောက်ဆုံး ကွပ်မျက်လိုက်တဲ့ အစ္စလာမ်ဝါဒီ ခေါင်းဆောင်ကို ထောက်ခံသူတွေ သောကြာနေ့က ဆန္ဒပြကြရာမှာ နေအိမ်တွေ၊ ဈေးဆိုင်တွေကို မီးရှို့ခဲ့ကြပါတယ်။ နောက်ဆုံးအချိန်မှာ အယူခံတင်သွင်းခဲ့တာကို တရားရုံးချုပ်က ပယ်ချခဲ့ပြီး နောက်မှာပဲ Abdul Qader Mollah ကို ကြာသပတေးနေ့ နှောင်းပိုင်းမှာ ကြိုးပေးကွပ်မျက်ခဲ့တာပါ။

သေဒဏ်ပေးပြီး သိပ်မကြာခင်မှာပဲ မီးရှို့မှုတွေ၊ ရဲနဲ့ဆန္ဒပြသူတွေကြား ပဋိပက္ခတွေ ဖြစ်ပွားတာတွေကြောင့် လူ ၃ ဦးထက် မနည်း သေဆုံးခဲ့ကြောင်း ဒေသခံ သတင်းတွေက ဖော်ပြကြပါတယ်။ တိုက်ခိုက်မှု အများစု ကတော့ အာဏာရပါတီကို ထောက်ခံသူတွေ၊ ဝန်ကြီးချုပ် Sheikh Hasina နဲ့ ကွပ်မျက်စီရင်တဲ့ ဆုံးဖြတ်ချက်ကို ထောက်ခံသူ လူနည်းစု ဟိန္ဒူတွေကို ပစ်မှတ်ထားခံခဲ့ရတာပါ။

ဒက္ကားမြို့က ဗွီအိုအေ သတင်းထောက်ကတော့ အခြေအနေတွေ တင်းမာနေတဲ့ အတွက် မနေ့ကတည်းက လုံခြုံရေးတွေ အင်အားတိုးမြှင့် ချထားတဲ့အကြောင်း ပြောပါတယ်။ ကွပ်မျက်ခံခဲ့ရသူ Mollah ရဲ့ Jamaat-e-Islami ပါတီကတော့ တနင်္ဂနွေနေ့မှာ တနိုင်ငံလုံး အတိုင်းအတာနဲ့ ဆန္ဒပြပွဲတွေ ပြုလုပ်သွားဖို့ ဆော်သြထားတာပါ။

Mollah ဟာ ၁၉၇၁ ခုနှစ်က ဘင်္ဂလားဒေ့ရှ် လွတ်လပ်ရေးအတွက် ပါကစ္စတန်နဲ့ ဖြစ်ပွားခဲ့တဲ့ စစ်ပွဲအတွင်း စစ်ရာဇဝတ်မှုတွေ ကျူးလွန်မှုနဲ့ အပြစ်ရှိကြောင်း ဆုံးဖြတ် စီရင်ခံခဲ့ရတာ ဖြစ်ပါတယ်။ သူကွပ်မျက်ခံ ခဲ့ရတဲ့အတွက် ရှေ့လထဲ ကျင်းပဖို့ စီစဉ်ထားတဲ့ ရွေးကောက်ပွဲ မတိုင်မီ သွေးထွက်သံယို နိုင်ငံရေး တင်းမာမှုတွေပေါ်ပေါက်လာမှာကိုလည်း အကဲခတ်တွေက စိုးရိမ်မကင်း ဖြစ်နေကြပါတယ်။
XS
SM
MD
LG