သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘန်ကောက် အဓိကနေရာတွေ ဆန္ဒပြသူတွေ သိမ်းပိုက်


ထိုင်းအစိုးရဆန့်ကျင်ဆန္ဒပြနေသူများ ဘန်ကောက်ရှိ ဒီမိုကရေစီအထိမ်းအမှတ်ကျောက်တိုင်မှာ စုဝေးနေကြစဉ်။ (ဇန်နဝါရီ ၁၂၊ ၂၀၁၄။)
ထိုင်းအစိုးရဆန့်ကျင်ဆန္ဒပြနေသူများ ဘန်ကောက်ရှိ ဒီမိုကရေစီအထိမ်းအမှတ်ကျောက်တိုင်မှာ စုဝေးနေကြစဉ်။ (ဇန်နဝါရီ ၁၂၊ ၂၀၁၄။)
ထိုင်းနိုင်ငံအတွင်း အစိုးရဆန့်ကျင်ရေး ဆန္ဒပြနေသူတွေဟာ ဘန်ကောက် မြို့တော်ရဲ့ အဓိကကျတဲ့ လမ်းဆုံလမ်းခွ နေရာတွေကို တနင်္ဂနွေနေ့မှာ စတင်ပြီးတော့ သိမ်းပိုက်နေပြီဖြစ်ပါတယ်။

ဆန္ဒပြသူတွေက ဘန်ကောက်မြို့တော်ကို ပိတ်ဆို့ပစ်မယ်လို့ ပြောဆို ထားပါ တယ်။ ဒီလုပ်ရပ်ကြောင့် အကြမ်းဖက်မှုတွေ ဖြစ်ပွားလာမှာ စိုးရိမ်နေကြပြီး အကြမ်းဖက်မှုတွေကြောင့် စစ်တပ်က အာဏာသိမ်းတဲ့ အခြေအနေကို ရောက်သွား နိုင်ပါတယ်။

အစိုးရဆန့်ကျင်ရေးဆန္ဒပြနေသူတွေက လက်ရှိဝန်ကြီးချုပ် ယင်းလပ်ရှင်နာဝပ် ကို ရာထူးကနေဆင်းပေးဖို့ တောင်းဆိုနေသလို အစိုးရရဲ့ အဂတိလိုက်စားမှုနဲ့ နိုင်ငံရဲ့အာဏာကို ငွေနဲ့ ဝယ်နေနိုင်တဲ့ အခြေအနေတွေကို ပြုပြင်ပြောင်းလဲ ပစ်နိုင်ဖို့၊ ရွေးကောက်ခံထားရသူတွေမဟုတ်တဲ့ ယာယီအချုပ်ရေး အဖွဲ့ရဲ့လက်ထဲကို အာဏာလွှဲပေးဖို့ အစိုးရကို တောင်းဆိုနေကြတာဖြစ်ပါတယ်။

နောက်ပြီးသူတို့က မစ္စယင်းလပ် ကြေညာထားတဲ့ ဖေဖေါ်ဝါရီလ ၂ ရက် ရွေးကောက်ပွဲလုပ်မယ်ဆိုတဲ့ အစီအစဉ်ကို ဖျက်သိမ်းပစ်စေချင်နေကြပါတယ်။
လွန်ခဲ့တဲ့ နိုဝင်ဘာလအတွင်းကစပြီး အစိုးရဆန့်ကျင်ရေးဆန္ဒပြသူတွေဟာ လမ်းမတွေပေါ်မှာ ရဲတွေနဲ့ အပြန်အလှန် တိုက်ခိုက်မှုတွေ ဖြစ်ခဲ့ပါတယ်။ အစိုးရအဆောက်ဦတွေက အချိန်အတိုင်းအတာ တခုအထိ သိမ်းပိုက်ခဲ့ကြသလို ထိုင်းအမျိုးသား ရဲတပ်ဖွဲ့ဌာနချုပ်ကို ရေနဲ့ လျှပ်စစ်မီးတွေ ဖြတ်တောက် ပစ်ခဲ့ကြပါတယ်။

နိုင်ငံရေးအကြမ်းဖက်မှုတွေအတွင်း ရဲတပ်ဖွဲ့ဝင်တဦးအပါဝင် လူပေါင်း အနည်း ဆုံး (၈) ယောက် သေဆုံးခဲ့ရပြီးပါပြီ။ ဆန္ဒပြခေါင်းဆောင်တွေက ဒီကနေ့ တနင်္လာနေ့မှာ ယာဉ်အသွားအလာတွေ ထူပြောလှတဲ့ ဘန်ကောက်မြို့ရဲ့ အဓိက ကျတဲ့ လမ်းဆုံလမ်းခွ (၇) ခုကို ပိတ်ဆို့ပစ်မယ်ဆိုပြီး ပြီးခဲ့တဲ့ သီတင်းပတ်ထဲ တုန်းက ပြောဆိုထားကြသလို အစိုးရရုံးတွေ ကိုလည်း ဝင်ရောက်စီးနင်းမှုတွေ ပြုလုပ်မယ်ဆိုပြီးတော့ ခြိမ်းခြောက်ထားခဲ့တာပါ။

အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲတွေပြုလုပ်မယ်လို့ စီစဉ်ထားတဲ့နေရာတွေကို ဆန္ဒပြသူ အုပ်စုအဖွဲ့တွေဟာ တနင်္ဂနွေနေ့ နှောင်းပိုင်းမှာ ဝင်ရောက်လာကြပြီး ဟောပြောဖို့ စင်တွေ ဆောက်နေကြပါတယ်။ တချို့ကလည်း အစိုးရရုံးတွေ အများအပြားရှိတဲ့ မြို့တော်ရဲ့ မြောက်ဖက်ခြမ်းကလမ်းတွေကို ပိတ်ဆို့ထားလိုက်ကြပါတယ်။

သောကြာနေ့တုန်းကတော့ ထိုင်းဒုတိယ ဝန်ကြီးချုပ် စူရဖုန် တဝိချာ ချိုင်ခူ (Surapong Tovichakchaikul) က ဥပဒေ စိုးမိုးမှုကို ထိန်းသိမ်းထားနိုင်ဖို့အတွက် ရဲတပ်ဖွဲ့ဝင် ဦးရေ (၁၂,၀၀၀) နဲ့ စစ်သား (၈,၀၀၀) ကို မြို့တော်မှာ ချထားမယ်လို့ ပြောဆိုထားပါတယ်။
XS
SM
MD
LG