သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ယူကရိန်းလူထုနဲ့အတူ အီးယူနဲ့အမေရိကန်ရပ်တည်


Munich လုံခြုံရေးညီလာခံမှာ ယူကရိန်းနိုင်ငံရေးမတည်ငြိမ်မှုအကြောင်း ဆွေးနွေးပြောဆိုနေတဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီ။ (ဖေဖော်ဝါရီ ၁၊ ၂၀၁၄)
Munich လုံခြုံရေးညီလာခံမှာ ယူကရိန်းနိုင်ငံရေးမတည်ငြိမ်မှုအကြောင်း ဆွေးနွေးပြောဆိုနေတဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီ။ (ဖေဖော်ဝါရီ ၁၊ ၂၀၁၄)
လုံခြုံကြွယ်ဝတဲ့နိုင်ငံထဲမှာ လွတ်လွတ်လပ်လပ် နေထိုင်နိုင်ဖို့ ကြိုးစားနေကြတဲ့ ယူကရိန်းပြည်သူတွေနဲ့အတူ အမေရိကန်အစိုးရနဲ့ EU ဥရောပသမဂ္ဂတို့က ရပ်တည်တယ်လို့ ဂျာမနီမှာရောက်နေတဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး John Kerry ကပြောခဲ့ပါတယ်။

ယူကရိန်းမှာဖြစ်နေတဲ့ ပြဿနာက EU နဲ့တွဲဖက်ချင်တဲ့ သာမန်ပြည်သူတွေက သူတို့ရဲ့ဆန္ဒကိုဖော်ထုတ်တောင်းဆိုနေကြတာဖြစ်တယ်လို့ နိုင်ငံခြားရေးဝန်ကြီး Kerry က Munich မြို့မှာ ကျင်းပနေတဲ့ နိုင်ငံတကာ လုံခြုံရေး ညီလာခံမှာ မိန့်ခွန်းပြောကြားခဲ့ပါတယ်။

ယူကရိန်း အတိုက်အခံနိုင်ငံရေးသမား အာဆင် ညီယက် ဆင်ရယ်ညွခ် (Arseny Yatsenyuk) နိုင်ငံရေးလှုပ်ရှားသူ လက်ဝှေ့ချန်ပီယံဟောင်း Vitaly Klitschko တို့နဲ့
နိုင်ငံခြားရေးဝန်ကြီး Kerry တို့ ဒီကနေ့ စနေနေ့မှာတွေ့ဆုံဖို့ အစီအစဉ်ရှိပါတယ်။ အစိုးရအဆောက်အဦးတွေထဲ ဝင်ရောက်သိမ်းပိုက် ဆန္ဒပြနေကြတာကို အဆုံးသတ်ခဲ့ရင် ဖမ်းဆီးခံထားရတဲ့ ဆန္ဒပြသူတွေကို လွတ်ငြိမ်းချမ်းသာပေးမဲ့ ဥပဒေကို ယူကရိန်းသမ္မတက သောကြာနေ့က လက်မှတ်ထိုး အတည်ပြုခဲ့ပြီးနောက်မှာ ခုလိုတွေ့ဆုံမှာလည်း ဖြစ်ပါတယ်။

ဆန္ဒပြသူတွေက ဖယ်ရှားပေးရမယ်ဆိုတဲ့ သတ်မှတ်ချက်ပါ ဥပဒေသစ်အပေါ် အတိုက်အခံခေါင်းဆောင်တွေက လက်မခံပါဘူး၊ ဇန်နဝါရီ ၂၂ ရက်ကတည်းက ပျောက်ဆုံးနေတယ်လို့ဆိုတဲ့ အစိုးရဆန့်ကျင်လှုပ်ရှားသူ Dmytro Bulatov ကို မျက်နှာအပါအဝင် တကိုယ်လုံးဒဏ်ရာ ဒဏ်ချက်တွေနဲ့ Kyiv မြို့ပြင်မှာ ပြန်လည် တွေ့ရှိခဲ့ပြီးနောက် ယူကရိန်မှာ တင်းမာမှုအရှိန် မြင့်တက်နေပါတယ်။

သူ့ကို ဘယ်ကမှန်းမသိသူတွေ ဖမ်းဆီးခေါ်သွားပြီး နှိပ်စက်ညှင်းပန်းပြီးတော့ ရက်တော်တော်ကြာကြာ သစ်တောထဲမှာ ပစ်ထားခဲ့တယ်လို့ Bulatov ကပြောပါတယ်။ အဲဒီကနေ အနားမှာရှိတဲ့ရွာတရွာအထိ ရောက်အောင် ကြိုးစားသွားပြီး မိတ်ဆွေသူငယ်ချင်းတွေကို ဆက်သွယ်ခဲ့ရတယ်လို့ Bulatov ကပြောပါတယ်ရှင်။
XS
SM
MD
LG