သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်း ရွေးကောက်ပွဲ အထမမြောက်ရေး အစိုးရဆန့်ကျင်သူတွေ လှုပ်ရှား


ထိုင်းနိုင်ငံမှာ ပုံမှန်ထက်စောပြီး ကျင်းပမယ့် ရွေးကောက်ပွဲတွေ တနင်္ဂနွေနေ့မှာ လုပ်ဆောင်မှာကို ပျက်သွားစေဖို့အတွက် အဓိကထား လုပ်ဆောင်နေကြတဲ့ အစိုးရဆန့်ကျင်သူတွေရဲ့ ဆန္ဒပြပွဲတွေရဲ့ တတိယနေ့နဲ့ နောက်ဆုံးနေ့အဖြစ် မြို့တော် ဘန်ကောက်က လမ်းမတွေပေါ်မှာ ဆန္ဒပြသူတွေနဲ့ ပြည့်သိပ်နေပါတယ်။

နိုဝင်ဘာလကတည်းက လူထုအုံကြွ ဆန္ဒပြမှုတွေဖြစ်နေတဲ့ မြို့တော်ဘန်ကောက်မှာ ညပိုင်းမှာတော့ အဆက်မပြတ် သေနတ်ပစ်ခတ်မှုတွေနဲ့ အနည်းဆုံး ပေါက်ကွဲမှု ၂ ခုလောက် ကြားခဲ့ရပါတယ်။

ဆန္ဒပြခေါင်းဆောင်လည်းဖြစ်၊ လွှတ်တော်အမတ်ဟောင်းလည်းဖြစ်တဲ့ Suthep Thaugsuban ကတော့ ရွေးကောက်ပွဲ ပျက်သွားစေဖို့အတွက် လမ်းတွေကို ငြိမ်းငြိမ်းချမ်းချမ်း ပိတ်ဆို့ထားဖို့ စနေနေ့မှာ ပြောဆိုလိုက်ပါတယ်။ ဒါပေမယ့် လူတွေ မဲပေးတာရပ်သွားအောင်တော့ လုပ်မှာမဟုတ်ဘူးလို့ အခိုင်အမာ ပြောဆိုပါတယ်။

မဲရုံတွေနား မကပ်ပါဘူးလို့ ကတိပေးပြောဆိုနေပေမယ့်လည်း တနင်္ဂနွေနေ့ မဲပေးမှုမှာ အကြမ်းဖက်မှုတွေ ဖြစ်မယ်ဆိုပြီး အများက ခန့်မှန်းထားကြပါတယ်။ နိုင်ငံတဝန်းက ကြိုတင်မဲပေးမှုတွေမှာတော့ ဆန္ဒပြသူတွေက မဲရုံအတော်များများကို ပိတ်ဆို့ပြီး မဲပေးမှုပျက်အောင် ဖျက်ခဲ့ကြသလို အကြမ်းဖက်မှု တချို့လည်း ရှိခဲ့တာမို့ ရွေးကောက်ပွဲ တကယ် ဖြစ်ပါ့မလားဆိုတဲ့ မေးခွန်းတွေကလည်း ပိုပြီး ထွက်ပေါ်လာပါတယ်။
XS
SM
MD
LG