သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ယူကရိန်းသမ္မတသစ် အိုဘားမားတွေ့ဆုံမည်


ယူကရိန်း လုံခြုံရေး။ (မေ ၃၀၊ ၂၀၁၄)။
ယူကရိန်း လုံခြုံရေး။ (မေ ၃၀၊ ၂၀၁၄)။
အမေရိကန်သမ္မတ ဘရက်ခ်အိုဘားမားဟာ ရှေ့သီတင်းပတ်အတွင်း ယူကရိန်းနိုင်ငံရဲ့ သမ္မတသစ်နဲ့ တွေ့ဆုံသွားမှာဖြစ်ပါတယ်။ ရုရှားနိုင်ငံက ခရိုင်မီယားဒေသကို သိမ်းယူခဲ့ပြီးတဲ့နောက် အရှေ့ဥရောပဒေသလုံခြုံရေးကို အမေရိကန်အစိုးရက ဆက်လက်လုပ်ဆောင်သွားမယ်ဆိုတာကို မီးမှောင်ထိုးပြတဲ့အနေနဲ့ အခုလို တွေ့ဆုံတာဖြစ်ပါတယ်။

ယူကရိန်းသမ္မတ ပိုရိုရှန်ကိုနဲ့တွေ့ဆုံပွဲကို ပိုလန်နိုင်ငံ ဝါဆောမြို့မှာ တွေ့ဆုံမှာဖြစ်တယ်လို့ အိမ်ဖြူတော်က သောကြာနေ့မှာ ကြေညာခဲ့ ပါတယ်။ ပိုလန်နိုင်ငံမှာ ကွန်မြူနစ်အုပ်ချုပ်မှု အဆုံးသတ်တဲ့ ၂၅ နှစ်ပြည့် အောင်ပွဲအခမ်းအနားမှာ ခေါင်းဆောင် ၂ ယောက်ဟာ သီးခြားတွေ့ဆုံကြမှာဖြစ်ပါတယ်။ သမ္မတအိုဘားမားဟာ ဥရောပတိုက်ကို ၄ ရက်ကြာခရီးစဉ် အဖြစ်သွားရောက်ပြီး၊ ဇွန်လ ၆ ရက်နေကျရင် ပြင်သစ်နိုင်ငံ နော်မန်ဒီမှာ ပြုလုပ်မယ့် ဒုတိယကမ္ဘာစစ် နှစ် ၇၀ ပြည့် အခမ်းအနားကိုလည်း တက်ရောက်သွားမှာဖြစ်ပါတယ်။

ရုရှားသမ္မတ ဗလာဒီမီယာပူတင်လည်း အဲဒီအခမ်းအနားအတွက် နော်မန်ဒီကို သွားရောက်ဖို့ရှိပါတယ်။ ဒါပေမဲ့ သမ္မတအိုဘားမားဟာ ၊ မစ္စတာပူတင်နဲ့ တိုက်ရိုက်တွေ့ဆုံသွားဖို့မရှိဘူးလို့ အိမ်ဖြူတော်က ပြောလိုက်ပါတယ်။ အမေရိကန်နဲ့ ဥရောပခေါင်းဆောင်တွေကတော့ ယူကရိန်းနိုင်ငံ အရှေ့ခြမ်းမှာဖြစ်နေတဲ့ မတည်ငြိမ်မှုတွေဟာ ရုရှားအစိုးရကြောင့်ဖြစ်တယ်လို့ စွပ်စွဲလိုက်ပါတယ်။
ယူကရိန်းသူပုန်တွေ ပြင်ပအထောက်အပံ့ရ
XS
SM
MD
LG